ပုဂံအား ပြည်ပခရီးသွားများကိုဆွဲဆောင်နိုင်ရန်လုပ်​ဆောင်သွားမည်

0
167

ပုဂံဒေသပိုမိုတိုးတက်လာရေးအတွက် ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေအား ပြည်ပခရီးသွားများကိုဆွဲဆောင်နိုင်ရေးအတွက် ဆောင်ရွက်သွား​ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှပြောကြားခဲ့သည်။

မန္တလေးတိုင်း၊ညောင်ဦးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်မှုနှင့်ပတ်သက်သည့် အစည်းအဝေးအား မေ ၁၆ ရက်ကကျင်းပရာ နစက ဥက္ကဋ္ဌတက်ရောက်၍ အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အစားအစာများနှင့်ပတ်သက်၍ ဒေသအစားအစာများဖြင့်ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရန်ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပြီး ပုဂံဒေသတွင် ပုန်းရည်ကြီးများထွက်ရှိ၍ ပုန်းရည်ကြီးကိုအခြေခံသည့် အဆင့်မြင့်ဒေသအစားအစာများကို ကြံဆဆောင်ရွက်ဖို့တိုက်တွန်းခဲ့သည်။

“ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ပြည်ပခရီးသွားတွေကိုဆွဲဆောင်နိုင်ဖို့ဆောင်ရွက်သွားမယ်ဆိုရင် ပုဂံဒေသဟာ အခုထက်ပိုမိုတိုးတက်လာမှာပါ”ဟု နစက ဥက္ကဋ္ဌကဆိုသည်။

ထို့ပြင် ခရီးသွားများစနစ်တကျရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းများကြောင့် ရှေးဟောင်းပစ္စည်းများလျော့နည်းပပျောက်မှုမရှိစေရန် ပစ္စည်းလုံခြုံမှုများရှိ​ရေးအ​လေးထားရန် မှာကြားခဲ့သည်။

“တန်ဖိုးဖြတ်မရတဲ့ ရှေးဟောင်းအနုပညာလက်ရာတွေ ပျက်စီးမှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရပါမယ်၊ ဈေးဆိုင်တွေစနစ်တကျရှိစေဖို့ကိုလည်း တာဝန်ရှိသူတွေက ကြပ်မတ်ဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ရောင်းချလျက်ရှိသည့်ပစ္စည်းများအား ပုဂံဒေသမှထုတ်လုပ်သည့် ပစ္စည်းများဖြစ်စေရေးအတွက် (One Region One Product)ဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတကာဧည့်သည်များအနေဖြင့် မြန်မာနိုင်ငံရှိ ဈေးဆိုင်များကိုကြည့်၍ မြန်မာတို့၏ ပုံရိပ်ကိုထင်ဟပ်စေနိုင်သဖြင့် စည်းကမ်းတကျရှိနေရန်လိုသည်ဟု မှာကြားခဲ့သည်။

လမ်းများပေါ်တွင် သဲများကြောင့်ဖုန်ထမှုမဖြစ်စေရန် အဓိကကျသည့်လမ်းများအား နိုင်လွန်ကတ္တရာလမ်းများခင်းရန်နှင့်လမ်းများချောမွေ့စေရန်ဆောင်ရွက်ရမည်ဖြစ်ပြီး လမ်းသွယ်များကိုလည်း ချောမွေ့စေရန်အမြဲပြင်ဆင်ထိန်းသိမ်းရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here