ဖုန်းယူဆော့သည့်သားအား ဓားဖြင့်ထိုးသည့်မိခင် ထောင်ဒဏ်ချမှတ်ခံရ

0
193

စင်္ကာပူ၊မေ ၁၇

၎င်း၏အခန်းထဲသို့ ခွင့်မတောင်းဘဲဝင်သည့်အပြင် ဖုန်းကိုပါယူဆော့သည့် အသက် ၁၁ နှစ်အရွယ် သားဖြစ်သူအား မိခင်ကပေါင်ကိုဓားဖြင့်ထိုးသည့်အမှုသည်စင်္ကာပူနိုင်ငံတွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မိခင်ကဓားနှင့်ထိုးသောကြောင့် ကလေး၏ပေါင်မှ သွေးများထွက်လာကာ ကလေးသည်၎င်းကိုယ်ပိုင်အခန်းသို့ပြေးဝင်ကာ ရဲထံအကြောင်းကြားခဲ့သည်ဟုဆိုသည်။

တရားရုံး၏ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မနက်၌ ကလေးငယ်သည် ၎င်း၏မိခင်အခန်းတွင်းသို့ဝင်ကာ ဖုန်းကိုယူဆော့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မိခင်က ၎င်း၏ခွင့်ပြုချက်မရှိဘဲ အခန်းတွင်းမဝင်ရန်နှင့် ဖုန်းယူမသုံးရန်တားမြစ်ထားသော်လည်း ကလေးငယ်ကဆက်လုပ်နေသဖြင့် အဆိုပါအမျိုးသမီးက ၂၁ စင်တီမီတာအရှည်ရှိ ဓားဖြင့်ကလေးကိုထိုးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

အသက် ၄၁ နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီးသည် ယခင်ကလည်း အလားတူပြဿနာမျိုးဖြစ်ဖူးပြီးစောင့်ကြည့်ကာလအနေဖြင့်သာ နေခဲ့ရခြင်းလည်းဖြစ်သည်။ယခုတစ်ကြိမ်၌မူ ကလေးငယ်၏ဒဏ်ရာမပြင်းထန်သဖြင့် ထောင်ဒဏ် နှစ်လမှသုံးလအထိကျခံရခြင်းဖြစ်ကြောင်းသိရှိရသည်။

ရှေ့နေ၏ပြောကြားချက်အရ အဆိုပါအမျိုးသမီးသည် ပြင်းထန်သော စိတ်ကျရောဂါဝေဒနာကို ခံစားနေရခြင်းဖြစ်ကြောင်းလည်းသိရသည်။ထို့ကြောင့် ၎င်းအနေဖြင့် ယခုကဲ့သို့သော လုပ်ရပ်များသည် သင့်တော်၏ မသင့်တော်၏ ကို မဆုံးဖြတ်နိုင်သဖြင့် ပြစ်ဒဏ်သက်ညှာ‌ပေးရန်လည်းရှေ့‌နေကတောင်းဆိုခဲ့ကြောင်းသိရသည်။

Source :CNA


LEAVE A REPLY

Please enter your comment!
Please enter your name here