တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ ဇွန် ၁ ရက်တွင် ဖွင့်လှစ်မည်

0
293

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏နေ့သင်တန်းများအားလုံးကို လာမည့် ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၊ပညာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။

ယင်းကြောင့် မေလ ၂၃ ရက်မှစတင်၍ ကျောင်းအပ်၊သတင်းပို့မှုများကို စတင်လက်ခံသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ် ၂ ခုနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်း ၁၃ ခု၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၄၇ ခု၊ ဆရာအတတ်ပညာဦးစီးဌာနအောက်ရှိ ပညာရေးဒဂရီကောလိပ် ၂၅ ခု၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဉီးစီးဌာနအောက်ရှိ တက္ကသိုလ် ၆၀ ခု၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရ နည်းပညာ ကောလိပ် ၄ ခု နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၂၂ ခု ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here