ကုန်တင်ရထား၏တွဲတံခါးနှင့်တိုက်မိ၍ သံဃာတော်တစ်ပါးပျံလွန်

0
162

နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊ဘဲကုန်းကျေးရွာ အုပ်စု၊ဥသျှစ်ကုန်းကျေးရွာအနီးရှိ ရထားလမ်းပေါ်တွင် မေ ၁၇ ရက်မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သဗ္ဗသုခနာရေးကူညီမှုအသင်းမှ သိရသည်။

ရန်ကုန်ဘက်မှမန္တလေးဘက်သို့ မောင်းနှင်လာသည့် အဆန်ကုန်တင်ရထားအမှတ် ၉၂၃ သည် ရန်ကုန်-မန္တလေးရထားလမ်းအတိုင်းမောင်းနှင်လာစဥ် ရထားလမ်းမိုင်တိုင်အမှတ် ၂၂၇/၁၆ နှင့် ၂၂၇/ ၁၇ ကြားအရောက် ဘွဲ့အမည်/သက်​တော်/နေရပ်လိပ်စာ(စုံစမ်းဆဲ)သံဃာတော်တစ်ပါးအား ကုန်တင်ရထား၏ တွဲတံခါးနှင့်တိုက်မိခဲ့ကြောင်း သိရသည်။

“ကုန်တင်ရထားရဲ့တွဲတံခါးနဲ့တိုက်မိသွားတာပါ ဆေးရုံကိုပို့ပေးလိုက်တဲ့အချိန်အထိ ပျံလွန်တော်မူသွားတဲ့ သံဃာတော်နဲ့ပတ်သက်တဲ့အချက်အလက်တွေ တစ်ခုမှမသိရသေးပါဘူး၊ တာဝန်ရှိတဲ့လူတွေကတော့ စုံစမ်းစစ်ဆေးတာတွေလုပ်နေပါတယ်” ဟု နာရေးကူညီမှုအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် သံဃာတော်မှာ ညာနားနောက်ဖူးရောင်၊နား/နှာခေါင်းသွေးထွက်၊ဘယ်ခြေဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူသွားခဲ့သဖြင့် သဗ္ဗသုခနာရေးကူညီမှုအသင်းမှ နေပြည်တော်ကုတင် (၁၀၀၀)ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here