TikTok ကို ပိတ်ပင်သည့် ပထမဆုံး အမေရိကန်ပြည်နယ် ဖြစ်လာသော မွန်တာနာ

0
209

ဝါရှင်တန်၊ မေ ၁၈

အမေရိကန်နိုင်ငံ၊ မွန်တာနာပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်တ်ဂျီယန်ဖော့တ်သည် တရုတ်ပိုင် အက်ပလီကေးရှင်း TikTok ကို ၎င်းပြည်နယ်အတွင်း သုံးစွဲနေခြင်းမှ တားမြစ်မည့် ဥပဒေတစ်ရပ်ကို မေလ ၁၇ ရက် ဗုဒ္ဓဟူးနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့ကြောင့် မွန်တာနာသည် TikTok ကို ပိတ်ပင်သည့် ပထမဆုံး အမေရိကန်ပြည်နယ် ဖြစ်လာခဲ့သည်။

ထိုဥပဒေအရ မွန်တာနာပြည်နယ်ရှိ ဂူးဂဲလ်နှင့် အက်ပဲလ်တို့၏ အက်ပ်စတိုးများ၌ TikTok အား ဒေါင်းလုဒ် ဆက်ဆွဲနိုင်မည် မဟုတ်တော့ပေ။ ဂူးဂဲလ်နှင့် အက်ပဲလ်တို့သည် ထိုဥပဒေကို ချိုးဖောက်၍ ဒေသခံများအား ဒေါင်းလုဒ် ဆွဲခွင့်ပေးပါက ဒဏ်ရိုက်ခံရမည်ဖြစ်သည်။

ဒေါင်းလုဒ်ဆွဲခွင့်နှင့် အက်ပ်စတိုးများ၌ ထားရှိခွင့်ကိုသာ ပိတ်ပင်ခြင်းဖြစ်သဖြင့် TikTok အသုံးပြုနေသည့် လူတစ်ဦးချင်းစီအတွက်မူ ပြစ်ဒဏ်ပေးသွားမည် မဟုတ်ပေ။ အဆိုပါက ဥပဒေသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ အာဏာတည်မည် ဖြစ်သည်။

အမေရိကန် အာဏာပိုင်တို့က တရုတ်သည် TikTok မှတစ်ဆင့် ၎င်းပြည်သူများ၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်များကို ခိုးယူစုဆောင်းနေသည်ဟု ယုံကြည်ထားသည်။ လက်ရှိတွင် အမေရိက၌ TikTok အသုံးပြုနေသူပေါင်း သန်း ၁၅၀ ကျော် ရှိနေသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here