ဗန်းမော်မြို့တွင် LAND CRUISER ကားပေါ်မှ ငွေကျပ်သိန်း ၁၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
157

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် LAND CRUISER ကားပေါ်မှ ငွေကျပ်သိန်း ၁၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ မေလ ၁၇ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဗန်းမော်မြို့နယ်၊ စီဟဲကျေးရွာတံတားအနီး၊ ဗန်းမော်-မံစီသွားကားလမ်းတွင် နေလင်းထွန်း မောင်းနှင်လာသည့် LAND CRUISER အမျိုးအစား မော်တော်ယာဉ်အား သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၆၅၀၀၀ ပြား(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၁၃၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် နေလင်းထွန်း(၄၁)နှစ်အား ဗန်းမော်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here