ယခင်ချေးငွေအကျေဆပ်ပြီးသည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံထုတ်ချေးမည်

0
208

၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေအတိုးအရင်းအကျေဆပ်ပြီးသည့် တောင်သူများကို မေလ ၁၈ ရက်နေ့မှစပြီး စိုက်ပျိုးစရိတ်ချေးငွေထပ်မံထုတ်ချေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။

ယခင်နှစ်နည်းတူ အတိုးနူန်း ၅ ရာခိုင်နူန်းဖြင့် သက်ဆိုင်ရာ ခရိုင်မြို့နယ် ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ချေးငွေချေးမည့်တောင်သူများအနေဖြင့် ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးနိုင်မည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ကထုတ်ချေးသော အခြားနှစ်တို ၊နှစ်လတ် ချေးငွေ များကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ယခင်ချေးငွေအကျေဆပ်ပြီးသည့်တောင်သူများအနေဖြင့်သက်ဆိုင်မြို့နယ်ခရိုင်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန် ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here