၈ဝ ခုနှစ်ဝန်းကျင်က ကြယ်ပွင့်တို့  အမှတ်တရ ဆုံစည်း ဖျော်ဖြေမယ့်ပွဲ

0
289

dsc_0257-copy

၈ဝ ခုနှစ် ဝန်းကျင်ကာလများက ထင်ရှားကျော်ကြားခဲ့တဲ့ အဆိုတော် ကြီးတွေဖြစ်ကြတဲ့ တူးတူး၊ ချစ် ကောင်း၊ ဟေမာနေဝင်း၊ ကော်နီ တို့လေးဦးက ပူးပေါင်းပြီး ဂီတ ဖျော် ဖြေပွဲတစ်ခုကို ကျင်းပတော့မှာ  ဖြစ် ပါတယ်။ ဒီလေးဦးဟာ ၈ဝ ခုနှစ် ကျော် ကာလများက မြန်မာပြည် ဂီတလောကမှာ ကိုယ်ပိုင်ဟန် တစ်ခု စီ ရယူနိုင်ခဲ့ကြသူများဖြစ်ပြီး လက်ရှိ အချိန်အထိလည်း အောင်မြင်မှု လမ်းကြောင်းပေါ်မှာ ရပ်တည်နေ ဆဲ အဆိုတော်တွေဖြစ်ကြပါတယ်။ သူတို့လေးဦးရဲ့ပွဲကိုတော့ 80’s Classic Night  လို့ အမည် ပေးထား ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့ည အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြု လုပ်မှာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက် တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲကိုလည်း နိုဝင်ဘာလ ၁၁ ရက် နေ့ခင်း ၁ နာရီ က ရွှေဂုံတိုင်လမ်းရှိFriendship  စား သောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီပွဲမှာ တစ် ယောက်ချင်းအနေနဲ့ ၈ ပုဒ်လောက် ဆိုမယ်။ စုံတွဲဆိုတာတွေလည်း ပါပါ မယ်။ ဒီလိုပွဲမျိုးက နောက်တစ်ကြိမ် ထပ်လုပ်ဖို့ မလွယ်ပါဘူး။ အခုလို သူငယ်ချင်းတွေ အတူတူဆိုရတာ ပျော်စရာလည်း ကောင်းပါတယ်” လို့ ၈ဝ ပွဲမှာ ပါဝင်ဖျော်ဖြေမယ့် ချစ် ကောင်းက ပြောပါတယ်။

“ဒီပွဲလေးကို စီစဉ်ပေးသူတွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ မကော်တို့အနေနဲ့ ဒီလိုပွဲလေးလုပ် ချင်တာကြာပါပြီ။ မကော် အခု ခါး ကနာနေတော့ စိတ်တော့ နည်းနည်း ပူမိပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာ တကယ်လို့ ခါးနာနေရင် တောင် ဖိနပ်ချွတ်ပြီးဆိုဖို့ စဉ်းစားထားပါ တယ်။ ဆိုတာတော့ ဆိုနိုင်ပါတယ်။

ဒီပွဲအတွက်ကိုသေချာ အားစိုက်ထား တဲ့အတွက် ကြားထဲမှာ တခြားပွဲတွေ တောင် ဖျက်ထားပါတယ်။ ဒီပွဲလေး က တကယ်လှတဲ့ ပွဲလေးဖြစ်မှာပါ” လို့ ကော်နီက   ပြောပါတယ်။

“ပွဲတွေ အသီးသီးဆိုဖြစ်ပေမယ့် ဒီတစ်ခါပဲ ဒီလေးယောက်တွဲဆိုဖြစ် တာပါ။ တော်တော်လည်းပျော်ဖို့ ကောင်းပါတယ်။ တူးတူး က ဒီပွဲလေး အတွက် လာပြောေ တာ့ ပွဲတွေ သိပ် မဆိုဖြစ်ပေမယ့် ဒီပွဲလေးကို လက်ခံ လိုက်ပါတယ်။ အခုလိုသီဆိုရမှာ ဖြစ်တဲ့အတွက်လည်း ဝမ်းသာပါ တယ်” လို့လည်း ပါဝင်ဖျော်ဖြေမယ့်   ဟေမာနေဝင်းက ပြောပါတယ်။ ဒီ အဆိုတော် ၄ ဦးရဲ့ 80’s Classic Night  ဂီတပွဲလက်မှတ်များကိုတော့ VIP၊ ကျပ် ၅ဝဝဝဝ၊ ကျပ် ၃ဝဝဝဝ၊ ကျပ် ၂ဝဝဝဝ၊ ကျပ် ၁ဝဝဝဝ သတ်မှတ် ထားကြောင်း သိရပြီး မန်းသီရိ တေး သံသွင်း၊Friendship စားသောက် ဆိုင်နဲ့ MMTIX Ticket Hotline  ဝ၉၄၅၁ဝ၁ဝ၇၈၉ ၊ ဝ၉၉၆၅ဝ၁ဝ၇၈၉၊ ဝ၉၇၈၂ဝ၉၇၄၃၆ တို့မှာ ဝယ်ယူရရှိ နိုင်ကြောင်းလည်း သိရပါတယ်။

P-054


LEAVE A REPLY

Please enter your comment!
Please enter your name here