သရုပ်ဆောင်ပိုင်တံခွန် “Rent Boy” အမည်ရှိ ရုပ်ရှင်ရိုက်ကူးရန်အတွက် ကမ္ဘောဒီးယားသို့ဒုတိယအကြိမ်သွားရောက်မည်

0
601

ဖနွမ်းပင်၊မေ ၁၈

နာမည်ကျော်မြန်မာသရုပ်ဆောင်တစ်ဦးဖြစ်သူ ပိုင်တံခွန်သည် ၎င်း၏ရုပ်ရှင်ဇာတ်ကားသစ်ရိုက်ကူးရေးအတွက် လာမည့်အပတ်၌ ကမ္ဘောဒီးယားသို့ထပ်မံသွားေရာက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားမီဒီယာများ၏ ဖော်ပြချက်အရသိရှိရသည်။ ၎င်းဇာတ်ကားသစ်၏အမည်မှာ “ Rent Boy” ဟူ၍ဖြစ်ကြောင်းလည်းသိရသည်။

သရုပ်ဆောင်ပိုင်တံခွန်သည် မေလ ၂၁ ရက်နေ့တွင် ကမ္ဘောဒီးယားသို့ထပ်သွားမည်ဟုလည်း ခမာတိုင်းမ်စ်သတင်းတစ်ရပ်အရသိရှိရသည်။အဆိုပါ “Rent Boy” ရုပ်ရှင်သည် အချစ်ဟာသဇာတ်လမ်းမျိုးဖြစ်ပြီး ပိုင်တံခွန်နှင့်အတူတူ ယခုဇာတ်ကား၌ ကမ္ဘောဒီးယားမင်းသမီးပါဝင်သရုပ်ဆောင်မည်ဖြစ်သော်လည်း မည်သူမည်ဝါဖြစ်ကြောင်းကိုကြေငြာခြင်းမရှိသေးကြောင်းသိရသည်။

ပိုင်တံခွန်သည် ဧပြီလကလည်း ပထမအကြိမ်အနေဖြင့် ကမ္ဘောဒီးယားသို့သွားရောက်ခဲ့သေးသည်ဟုသိရှိရသည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here