G – 7 အစည်းအဝေး၌ ဂျပန်အနေဖြင့်နျူကင်းစင်သောကမ္ဘာဖြစ်ရေးအတွက် အဓိကထားဆွေးနွေးသွားမည်ဟု ဂျပန်ဝန်ကြီးချုပ်ဆို

0
221

တိုကျို၊မေ ၁၈

ယနေ့စတင်ပြုလုပ်သည့် G – 7 ထိပ်သီးအစည်းအဝေးမတိုင်မီသုံးရက်အလို၌ ဂျပန်ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါက နျူကလီးယားကင်းစင်သောကမ္ဘာတစ်ခုဖြစ်ရန်အတွက် အရေးတကြီးလိုအပ်ကြောင်းအလေးပေးပြောကြားခဲ့ပြီး ဂျပန်နိုင်ငံအနေဖြင့်လည်း G – 7 အစည်းအဝေးမှစကာ နျူကင်းသောကမ္ဘာဖြစ်ရေးအတွက် အစွမ်းကုန်အားထုတ် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယင်းနောက်၎င်းကဆက်လက်၍ပြောကြားသည်မှာ ယခုကဲ့သို့ နျူကင်းစင်သည့်ရည်မှန်းချက်ကိုအကောင်အထည်ဖော်ရာ၌ ခိုင်မာသောကြိုးပမ်းအားထုတ်မှုလိုအပ်သည်ဟုဆိုခဲ့သည်။

G – 7 သည် ကမ္ဘာ့အဆင့်မြင့်စီးပွားရေးခုနှစ်နိုင်ငံ၏ အလွတ်သဘောစုဖွဲ့ထားသည့်အုပ်စုဖြစ်ပြီး ကနေဒါ၊ပြင်သစ်၊ဂျာမနီ ၊အီတလီ၊ဂျပန်၊ဗြိတိန်၊အမေရိကနှင့် ဥရောပသမဂ္ဂတို့ပါဝင်သောအဖွဲ့တစ်ခုဖြစ်သည်။

ပစိဖိတ်ဒေသ၌တရုတ်၏ဩဇာလွှမ်းမိုးမှုနှင့် ယူကရိန်းအပေါ်ရုရှား၏တိုက်ခိုက်မှုများကိုရည်ညွှန်းကာ G – 7 အနေဖြင့် လက်ရှိအနေအထားကိုပြောင်းလဲရန်ကြိုးပမ်းမှုများကိုဆန့်ကျင်လျက် ခိုင်မာသောရပ်တည်မှုတစ်ရပ်ဖြင့် ရပ်တည်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယခုနှစ် G – 7 ထိပ်သီးအစည်းအဝေးအား ဟီရိုရှီးမား၌ပြုလုပ်မည်ဖြစ်ကာ G – 7 အဖွဲ့ဝင်နိုင်ငံများအပြင် ဩစတြေးလျ၊ ဘရာဇီး၊အိန္ဒိယ၊အင်ဒိုနီးရှား၊တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့လည်း ဧည့်သည်နိုင်ငံများအနေဖြင့်တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

Source: Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here