သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ်ကြေညာထားသည့် မြို့နယ် ၁၈ ခု၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် တပ်မတော်အရာရှိကြီးများကိုတာဝန်ပေး

0
298

နစက မှ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ်ကြေညာခဲ့သည့် မြို့နယ် ၁၈ ခု၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် တပ်မတော်အရာရှိကြီးများအား တာဝန်ပေးခဲ့သည်ဟု မေ ၁၈ ရက်က အမိန့်အမှတ် ၃၄/၂၀၂၃ ဖြင့်ထုတ်ပြန်ခဲ့သည်။

မေ ၁၄ ရက်က “မိုခါ”မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဒေသများအနက် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်နှင့်ချင်းပြည်နယ်ရှိ မြို့နယ် ၄ မြို့နယ်တို့အား နစက မှ သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပ‌ဒေပုဒ်မ ၁၁ အရ မေ ၁၅ ရက်တွင် ကြေညာချက်အမှတ် ၁/၂၀၂၃ ၊ မေ ၁၆ ရက်တွင် ကြေညာချက်အမှတ် ၂/၂၀၂၃ တို့ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်း မြို့နယ်များအနက် ချင်းပြည်နယ်ရှိ မြို့နယ် ၄ မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်အား ဟားခါးမြို့နယ်၊ ဗိုလ်မှူးချုပ်ခင်မောင်အေးအား မတူပီမြို့နယ်၊ ဗိုလ်မှူးချုပ်နေဝင်းအောင်အား ပလက်ဝမြို့နယ်၊ ဗိုလ်မှူးချုပ်ဝင်းကိုကိုအား မတူပီမြို့နယ်တို့၌ တာဝန်ပေးအပ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဒု-ဗိုလ်ချုပ်ကြီးလူအေးအား ကျောက်ဖြူမြို့နယ်၊ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းအား ဘူးသီးတောင်မြို့နယ်၊ ဗိုလ်ချုပ်သောင်းထိုက်ရွှေအား မြောက်ဦးမြို့နယ်၊ ဗိုလ် ချုပ်စိုးနိုင်ဦးအား သံတွဲမြို့နယ်၊ ဗိုလ်ချုပ်အောင်မျိုးထွန်းအား ရသေ့တောင်မြို့နယ်၊ ဗိုလ်မှူးချုပ်အောင်ကျော်မိုးအား စစ်တွေမြို့နယ်၊ ဗိုလ်မှူးချုပ်အောင်သူဦးအား ကျောက်နော်မြို့နယ်တို့အတွက် တာဝန်များပေးအပ်ခဲ့သည်။

ထို့ပြင် ဗိုလ်မှူးချုပ်ဆန်နီအုန်းအား ပေါက်တောမြို့နယ်၊ ဗိုလ်မှူးချုပ်ကျော်ကျော်ဦးအား မာန်အောင်မြို့နယ်၊ ဗိုလ်မှူးချုပ်ဇော်မင်းအေးအား ရမ်းဗြဲမြို့နယ်၊ ဗိုလ်မှူးချုပ်ဝင်းမောင်အား ပုဏ္ဏားကျွန်းမြို့နယ်၊ ဗိုလ်မှူးချုပ်ခင်ဇော်အား မင်းပြားမြို့နယ်၊ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးအား မြေပုံမြို့နယ်၊ ဗိုလ်မှူးချုပ်တင်ဆွေအား မောင်တော မြို့နယ်တို့အတွက် တာဝန်များပေးအပ်ခဲ့သည်။

အဆိုပါ အရာရှိကြီးများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှုများကို အနီးကပ်ကြီးကြပ်ရန် နစက အဖွဲ့ဝင်၊ ဒု-ဝန်ကြီးချုပ်နှင့်ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့အား တာဝန်ပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here