ပလပ်စတစ်စားသော မှို တရုတ်ကမ်းရိုးတန်းဒေသတွင် တွေ့ရှိ

0
196

နိုင်ငံတကာ သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့သည် ပလပ်စတစ်စားသော မှိုနှင့် ဘက်တီးရီးယားတို့ကို တရုတ်နိုင်ငံ၏ ကမ်ရိုးတန်း ပင်လယ်ဆားငန်ရည်ဝင်ရောက်သောဒေသများတွင် ရှာဖွေတွေ့ရှိခဲ့သည်။

ယင်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲမှုအတွက် ဖြစ်နိုင်ခြေရှိသော အလားအလာအသစ်များကို မီးမောင်းထိုးပြနေကြောင်း အဆိုပါ သိပ္ပံပညာရှင်အဖွဲ့၏ သုတေသနစာတန်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်စုပြည်နယ်အတွင်းတွင်တွေ့ရှိသော မှို ၁၈၄ မျိုးနှင့် ဘက်တီးရီးယား ၅၅ မျိုးတို့သည် ပလပ်စတစ်များကိုဖြိုခွဲနိုင်စွမ်းရှိကြောင်း လန်ဒန်တော်ဝင်ရုက္ခဗေဒဥယျာဉ်အသင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နှင့် ဗြိတိန်မှ သုတေသီများသည် တရုတ်နိုင်ငံ ပင်လယ်ဝါကမ်းရိုးတန်းအနီးရှိ UNESCO က ကာကွယ်ထိန်းသိန်းထားသော တာဖန်းဒေသမှ အနုဇီဝရုပ်ကြွင်းများကို နမူနာယူကာ လေ့လာခဲ့ကြခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း စွန့်ပစ်ပလပ်စတစ်တန်ချိန်စုစုပေါင်း ၂၃၈ သန်းခန့်ရှိခဲ့ကြောင်း ကုလသမဂ္ဂမှ မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here