ဇွန် (၁) ရက်မှ စတင်ပြီး သွင်းကုန် ကုန်စည်လိုင်းပေါင်း (၃၀၇၅) လိုင်းကို အလိုအလျောက်သွင်းကုန် လိုင်စင်စနစ်ဖြင့် လိုင်စင်ထုတ်ပေးမည်

0
275

၂၀၂၃ ခုနှစ် ဇွန် (၁) ရက်မှ စတင်ပြီး သွင်းကုန်ကုန်စည်လိုင်းပေါင်း (၃၀၇၅) လိုင်းအား အလိုအလျောက်သွင်းကုန်လိုင်စင်စနစ်ဖြင့် လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာန MACCS ဌာနခွဲ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် ပြီးခဲ့သည့် သွင်းကုန်ကုန်စည်လိုင်းပေါင်း (၃၀၇၅) လိုင်းအား Trade Net 2.0 စနစ်တွင် Automatic licensing စနစ်ဖြင့် ခွင့်ပြုသွားမည်ဟု ဧပြီ (၂၅) ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ သွင်းကုန်ကုန်စည်လိုင်းပေါင်း (၃၀၇၅) လိုင်းအား အကောက်ခွန်ဦးစီးဌာန၏ MACCS စနစ်တွင်လည်း ၂၀၂၃ ခုနှစ် ဇွန် (၁) ရက်မှ စတင်၍ သွင်းကုန်လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် Setting ထားရှိပြီးဖြစ်ကြောင်း အသိပေးထားသည်။

သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၃ ခုနှစ် ဇွန် (၁) ရက်တွင် စတင်အကျိုးသက်ရောက်မည့် Automatic Licensing စနစ်ဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်များအတွက် သွင်းကုန်ကြေညာလွှာ တင်သွင်းရာတွင် အခက်အခဲ တစုံတရာ ရှိပါက ရုံးချိန်အတွင်း Help Desk Section (01-370429) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲမှ အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here