SME လုပ်ငန်းများကို အသားတင်အမြတ် သိန်း ၁၅၀ အထိ အမြတ်ခွန်ကင်းလွတ်ခွင့် (၃)နှစ် ခွင့်ပြုမည်

0
333

ပြည်တွင်း SME လုပ်ငန်းများကို လုပ်ငန်းစတင်ချိန်မှ သုံးနှစ်တိတိ အသားတင်အမြတ်ငွေ ကျပ်သိန်း ၁၅၀ အထိ အမြတ်ခွန်ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပြည်တွင်းထုတ်လုပ်မှုကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ သို့မဟုတ် အသေးစား စက်မှုလက်မှု လုပ်ငန်းသစ်များနှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များကို ၂၀၂၃ ခုနှစ် မေလ (၁၅) ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အသေးစား စက်မှုလက်မှု လုပ်ငန်းများသည် လုပ်ငန်းစတင်သည့် နှစ်အပါအဝင် တစ်ဆက်တည်းသုံးနှစ်ကာလအတွင်း အသားတင် အမြတ်ဝင်ငွေ ကျပ်သိန်း (၁၅၀) အထိ ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေပုဒ်မ (၂၉) နှင့် ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုခြင်းသည် ပြည်တွင်းထုတ်လုပ်မှုကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေရန်အတွက် ဆောင်ရွ က်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းမှတ်ပုံတင်ပါ မှတ်ပုံတင်သည့် ရက်စွဲနှင့် သက်ဆိုင်သည့် ဝင်ငွေနှစ်အား လုပ်ငန်းစတင်သည့် နှစ်အဖြစ် သတ်မှတ်ပြီး တစ်ဆက်တ ည်းသုံးနှစ်အထိ ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကင်းလွတ်ခွင့် ပြုရာတွင် စုစုပေါင်းအသားတင်အမြတ်ဝင်ငွေ ကျပ် သိန်း ၁၅၀ အားနုတ်ပယ်ပြီး ကျန်ဝင်ငွေပမာဏအပေါ်တွင်သာ ဝင်ငွေခွန်ကို ပေးဆောင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ပုံစာ-UMFCCI MSME FAIR 2023 ပြပွဲ ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here