အာရှခြေစစ်ပွဲကြိုတင် ပြင်ဆင်မှုအဖြစ် မြန်မာအမျိုးသမီး ယူ-၂၀ အသင်း ဂျပန်တွင် ၁၀ ရက်ကြာလေ့ကျင့်မှုများ ပြုလုပ်မည်

0
200

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲကြို ပြင်ဆင်မှုအဖြစ် ဂျပန်တွင် လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သည်။

AYA Bank ၏ ပံ့ပိုးကူညီမှုဖြင့် ဂျပန်နိုင်ငံသို့ ၁၀ ရက်ကြာ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ယနေ့ မေလ ၁၉ ရက်တွင် ဂျပန်နိုင်ငံသို့ထွက်ခွာသွားပြီဖြစ်သည်။

မြန်မာယူ-၂၀ အမျိုးသမီး အသင်းအနေဖြင့် ဂျပန်နိုင်ငံ၊ ဖူကူရှီးမားမြို့ရှိ  J Village National Training Center သို့ မေ ၁၉ မှ ၂၇ ထိ သွားရောက်၍ လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သည်။

လေ့ကျင့်နေသည့် ကာလအတွင်း
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းများ၏ နည်းစနစ် အကြံပေး Uki Tetsuro ၏ ချိတ်ဆက်မှုဖြင့် လေ့ကျင့်ခြေစမ်းပွဲ (Training match) နှစ်ပွဲ ကစားရန်လည်း စီစဉ်ထားကြောင်းလည်း သိရသည်။

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းသည် မတ်လအတွင်း ပထမအဆင့် ခြေစစ်ပွဲ အောင်မြင်ပြီးနောက် ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များအတွက် မတ်လ နောက်ဆုံးပတ်မှ စတင်ကာ လေ့ကျင့်ခန်း အစီအစဉ်များ ပြန်လည်ပြုလုပ်နေခြင်းလည်းဖြစ်သည်။

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲများကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လာမည့်ဇွန်လအတွင်း လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသမီး ယူ-၂၀ အသင်းသည် အုပ်စု (ခ)တွင် တရုတ်၊ နီပေါ၊ တရုတ် (တိုင်ပေ)တို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေသည်။

မြန်မာယူ-၂၀ အမျိုးသမီးအသင်းသည် ဇွန်လ ၆ ရက်တွင် နီပေါအသင်း၊၈ ရက်တွင် တရုတ်(တိုင်ပေ) အသင်း၊ ၁၀ ရက်တွင် တရုတ်အသင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး မြန်မာအသင်း၏ ပွဲစဉ်များကို ညနေ ၆:၃၀ နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဂျပန်သို့ လေ့ကျင့်ရေးခရီး သွားရောက်မည့် ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်း အုပ်ချုပ်/နည်းပြစာရင်းနှင့် ကစားသမားစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

နည်းစနစ် အကြံပေး – Uki Tetsuro
အသင်းအုပ်ချုပ်သူ – ဒေါ်နှင်းစန္ဒာဦး
နည်းပြချုပ် – ဒေါ်စန်းစန်းသိန်း
လက်ထောက်နည်းပြ – ဒေါ်နွယ်နွယ်တိုး
ဂိုးနည်းပြ – ဒေါ်မေခင်ယမင်း
အသင်းအတွင်းရေးမှူး – ဒေါ်ဆုပြည့်စုံအောင်
အသင်းဆရာဝန် – ဒေါက်တာပွင့်မာလာသော်
အသင်းမီဒီယာ – ဦးဝင်းကိုကို
အကြောကျွမ်းကျင် – ဦးလွင်ဦးကို
စကားပြန် – ဦးခန့်ဇော်နိုင်

ဂိုး – မေဦးခင် (ISPE FC)၊ ဖီးဗေ (Y.R.E.O FC)၊ သက်ထားအောင် (မကွေးတိုင်း ဒေသကြီး)။

နောက်တန်း – ဖြူဖွေး၊ ရွှန်းလဲ့နိုင်၊ (Y.R.E.O FC)၊ ခင်ဌေးကြိုင် (Sports and Education FC)၊ မေသက်မွန်မြင့်၊ ဒီဇင်ဘာနှင်း (သစ္စာအားမာန် အက်ဖ်စီ)၊ ကြယ်စင်၊ အိအိမိုး (ISPE FC)၊ ငြိမ်းငြိမ်းဖြိုး (အား/ကာသိပ္ပံ မန္တလေး)။

အလယ်တန်း – ဖြူဖြူဝင်း (မြဝတီ အက်ဖ်စီ)၊ ဝေဖူးအိမ် (သစ္စာအားမာန် အက်ဖ်စီ)၊ ဒေစီအောင် (Y.R.E.O FC)၊ နှင်းပွင့်အေး၊ ဟေမာန်စိုး၊ သဲအိမွန်သောင်း (ISPE FC)၊ သိင်္ဂီထွေး၊ ဝေဟင်ဖြိုး (Sports and Education FC)၊ စန္ဒာလင်း (အား/ကာသိပ္ပံ မန္တလေး)။

ရှေ့တန်း – ဇင်မိုးပြည့် (Y.R.E.O FC)၊ ယဉ်လွန်းအိမ် (ISPE FC)၊ ယွန်းဝတီလှိုင် (အား/ကာသိပ္ပံ မန္တလေး)။


LEAVE A REPLY

Please enter your comment!
Please enter your name here