USDP ပါတီ ဥက္ကဋ္ဌမှ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်ခံခဲ့ရသည့် USDP ပါတီဝင်များအား ထောက်ပံ့ငွေနှင့်စားသောက်ဖွယ်ရာများထောက်ပံ့

0
355

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP)ဥက္ကဋ္ဌဦးခင်ရီမှ ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ “မိုခါ”မုန်တိုင်းဒဏ်ခံစားခဲ့ရသူများတွင်ပါဝင်သည့် USDP ပါတီဝင်များအား ထောက်ပံ့ငွေနှင့်စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။

USDP ပါတီဥက္ကဋ္ဌမှ မေ ၁၉ ရက်နံနက် ၈ နာရီခွဲတွင် စစ်တွေမြို့ရှိ ပြည်နယ်ပါတီရုံးတွင် ပါတီဝင်များအားတွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ပါတီဝင်များမှလည်း ပျက်စီးဆုံးရှုံးနေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် USDP ပါတီဥက္ကဋ္ဌဦးခင်ရီသည် မုန် တိုင်းဒဏ်ကြောင့်ပျက်စီးသွားသည့် USDP ပါတီဝင်များ၏နေအိမ်များသို့သွားရောက်ကြည့်ရှု၍ မိသားစုဝင်များကို အားပေးစကားပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here