ဖော်မြူလာဝမ်းက အီတလီရေဘေးအတွက် ဒေါ်လာတစ်သန်းလှူဒါန်းမည်ဟုဆို

0
159

အီတလီနိုင်ငံ Emilia Romagna ဒေသတွင် ရေကြီးရေလျှံမှုဒဏ်ခံရသည့်နေရာများကိုထောက်ပံ့ရန်အတွက် ဖော်မြူလာဝမ်းက ယူရို ၁ သန်း (ဒေါ်လာ ၁ဒသမ ၁၀ သန်း) လှူဒါန်းမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနက သောကြာနေ့တွင် ကြေညာခဲ့သည်။

အာမိုလာ၌ ယခုသီတင်းပတ်ကုန်တွင် Emilia Romagna Grand Prix ပွဲစဉ်ကို လက်ခံကျင်းပမည်ဖြစ်သော်လည်း ရေဘေးကြောင့်ပျက်စီးဆုံးရှုံးမှုများ ရှိနေသဖြင့် ပြိုင်ပွဲကိုဖျက်သိမ်းခဲ့ရသည်။

ဖော်မြူလာဝမ်း အကြီးအကဲ မစ္စတာစတီဖာနိုကလည်း ဒေသခံများအနေဖြင့်အဆိုးဆုံးအခြေနေများ ကို ရင်‌ဆိုင်နေရသောကြောင့် အတတ်နိုင်ဆုံးအကူအညီပေးနိုင်ရန်ရည်ရွယ်လျက် လှူဒါန်းခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here