USDP ပါတီ၏ ပထမအကြိမ် စုပေါင်းရှင်ပြုပွဲ

0
223

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP)၏ ပထမအကြိမ် ရှင်ပြုအလှူတော်မင်္ဂလာအား နေပြည်တော်ရှိ USDP ပါတီဌာနချုပ်တွင် မေ ၁၈ ရက်နံနက်ပိုင်းကကျင်းပခဲ့သည်။

USDP ပါတီဌာနချုပ်မိသားစုဝင်များ၏ ကလေးငယ်များနှင့်အနီးဝန်းကျင်ကျေးရွာများမှ ကလေးငယ်(၇၅)ဦးအား  ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းပေးခဲ့ခြင်းဖြစ်ပြီး ရှင်လောင်းလှည့်လည်ရာတွင် မြန်မာ့ရိုးရာ ဆင်အက၊ရှမ်းအိုးစည်ဖြင့် သိုင်းအက၊အဆိုအက၊အလှအပြ၊အတီးအမှုတ်များဖြင့် လှည့်လည်ခဲ့ကြသည်။

ထို့ပြင် ရှင်သာမဏေလောင်း (၇၅)ပါးအား ဆံချခြင်း၊သီလပေးခြင်းတို့ကို လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဂန္ဓဝါစက၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဩဝါဒါ စရိယဆရာတော် ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသည့် ဆရာတော်၊သံဃာတော်(၁၀)ပါးမှ ပြုလုပ်ပေးတော်မူခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here