မြဝတီ-ကော့ကရိတ်သွား အာရှလမ်း၏ ကွမ်းခြံကုန်းအဆင်းတွင် ပြောင်းတင်တွဲကားတိမ်းမှောက် ကားမောင်းသူသေဆုံး

0
150

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီး၏ ကွမ်းခြံကုန်းအဆင်းတွင် မေ ၂၀ ရက်(ယနေ့)ညနေ ၅ နာရီခွဲကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးအတိုင်းမောင်းနှင်လာသည့် ပြောင်းအိတ်များတင်ဆောင်လာသောတွဲကားသည် ကွမ်းခြံကုန်းအဆင်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

“အဆင်းမှာ အရှိန်မထိန်းနိုင်ဘဲဖြစ်သွားတဲ့အနေအထားပါ၊ စပယ်ယာက ကားထဲမှာညပ်နေလို့ ကယ်ထုတ်ခဲ့ရပါတယ်၊ လိုအပ်တဲ့ကူညီမှုတွေလည်းလုပ်ပေးခဲ့ကြပါတယ်”ဟု သင်္ဃန်းညီနောင်မြို့သစ်လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌကိုစိုးမိုးဌေးကပြောသည်။

ဖြစ်စဥ်တွင် ပြောင်းတင်တွဲကားမောင်းသူမှာထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဥ်နောက်လိုက်နှင့်အတူ သင်္ဃန်းညီနောင်မြို့သစ်လူမှုကူညီရေးအဖွဲ့မှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here