လူ့ဘဝမျှော်လင့်ချက်များအတွက် ခရိုင်ရိုဗီဗာပင်မဆဲလ်များဖြင့်ရှေ့ဆက်နိုင်တော့မည်

0
269

ခရိုင်ရိုဗီဗာ မြန်မာ အနေနဲ့ ကလေးအချင်းမှဆဲလ်၊သွေးတို့ကို သိမ်းဆည်းပေးတဲ့ဝန်ဆောင်မူလုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်။

ခရိုင်ရိုဗီဗာပင်မဆဲလ်များကို တီထွင်ကြံဆပြီး လိုအပ်သည့် ကုထုံးများတွင်သုံးလို့ရနေပြီဖြစ်သည်။ မွေးဖွားလာသည့် ကလေးအတွက်လိုအပ်လျှင်ပဲဖြစ်ဖြစ်၊ သွေးသားဆွေမျိုးတော်စပ်သူများက လိုအပ်လျှင်ပဲဖြစ်ဖြစ် ကုထုံးများတွင် ထည့်သွင်းသုံးပါက အနာဂတ်အတွက် ကျန်းမာရေး မျှော်လင့်ချက်ရောင်ခြည်များနဲ့ယုံကြည်စိတ်ချစွာ နေနိုင်သည့် အခြေနေရောက်ရှိတော့မှာပဲဖြစ်ပါတယ်။

လူ့ဘဝမျှော်လင့်ချက်များအတွက် ခရိုင်ရိုဗီဗာပင်မဆဲလ်များဖြင့်ရှေ့ဆက်နိုင်တော့မည့်အကြောင်းမိတ်ဆက်သည့်အခမ်းအနားကို
ယနေ့မေလ ၂၀ ရက်နေ့ နေ့လည်၁ နာရီ က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Cryoviva Myanmar ကုမ္ပဏီ ရဲ့ဝန်ဆောင်မှုအနေနဲ့ကတော့ အချင်းဆဲလ်နဲ့အချင်းတစ်ရှုးစကိုအဓိက သိမ်းတဲ့ ကုမ္ပဏီ ဖြစ်ပြီး Cryoviva
Myanmar ကုမ္ပဏီကို မိုးကောင်း ရတနာ ကလေးဆေးရုံမှာ ဖွင့်လှစ်ထားရှိပါတယ်။

အချင်းသွေးသိမ်းဝန်ဆောင်မှုအနေနဲ့ ဒေါ်လာ၆၀၀၀၊ အချင်းတစ်ရှူးစ သိမ်းပါကဒေါ်လာ၂၅၀၀ ကုန်ကျမှာဖြစ်ပြီး Cryoviva Myanmar ကုမ္ပဏီအနေနဲ့အချင်းသွေး နဲ့အချင်းတစ်ရှူးစကို ၂ ရက်အတွင်း ဘန်ကောက်ကိုပို့ပေးတဲ့ကုမ္ပဏီပဲဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here