မြန်မာသင်္ဘောသားများကိုင်ဆောင်သည့် သင်္ဘောသားလက်မှတ်ဖြင့် ဘရာဇီးလ်နိုင်ငံသို့ ဝင်ရောက်ခွင့် မရတော့

0
310

မေလ ၁ရက်နေ့မှစပြီး ဘရာဇီးလ်လူဝင်မှုကြီးကြပ်ရေးဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေအသစ်အရ မြန်မာသင်္ဘောသားများ ကိုင်ဆောင်ထားသည့် သင်္ဘောသားလက်မှတ်ကို တရားဝင်စာရွက် စာတမ်းအဖြစ် အသိအမှတ်ပြုတော့မည်မဟုတ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံက CDC ကိုင်ဆောင်ထားသူတွေကို ဝင်ရောက်ခွင့်မပြုတော့သော်လည်း SID လက်မှတ်ရှိပါက ဝင်ခွင့်ပြုမည်ဖြစ်ပြီး အဆိုပါလက်မှတ်မရှိပါက မြန်မာနိုင်ငံရှိ ဘရာဇီးသံရုံးတွင် Visa လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာသင်္ဘောသားများကိုင်ဆောင်ထားသည့် သင်္ဘောသားလက်မှတ်ဖြင့် ဘရာဇီးလ်နိုင်ငံသို့ ဝင်ရောက်ခွင့်ရရှိတော့မည်မဟုတ်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MSESF) က ထုတ်ပြန်ထားသည်။

ဘရာဇီးလ်နိုင်ငံသို့သင်္ဘောဖြင့်ရောက်ရှိလာသော မြန်မာသင်္ဘောသားများနှင့် တာဝန်ရှိသူများ (ကန်ထရိုက်တာများ၊ ပိုင်ရှင်များနှင့်သင်္ဘောပိုင်ရှင်) အနေဖြင့် ဒဏ်ရိုက်ခံရပြီး နေရပ်ပို့ခံရခြင်းများ ကြုံတွေ့နိုင်ရကြောင်း၊ သင်္ဘောသားများ၏ အလုပ်အကိုင် စာချုပ်သက်တမ်းကုန်ဆုံးသည့်တိုင် နိုင်ငံတကာရေကြောင်းဥပဒေများက ခွင့်ပြုသည့်ကာလထက် ပင်လယ်ပြင်တွင် ပိုနေစေကာမူ သင်္ဘောပေါ်တွင် ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထား သည်။

ယခုလို ကန့်သတ်ချက်များကြောင့် သင်္ဘောဖြင့်ဘရာဇီးနိုင်ငံသို့ မြန်မာနိုင်ငံသားများဝင်ရောက်လာပါက ဘရာဇီး အာဏာပိုင်များထံ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာသံရုံးကထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here