အမျိုးသားညီလာခံကျင်းပခဲ့သည့် သမိုင်းဝင်အဆောက်အဦးများအားစနစ်တကျထိန်းသိမ်းထားရမည်

0
248

အမျိုးသားညီလာခံကျင်းပခဲ့သည့် အဆောက်အဦးများသည် နိုင်ငံတော်အတွက်အရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ရေးဆွဲဖော်ဆောင်ခဲ့သည့် သမိုင်းဝင်အဆောက်အဦးများဖြစ်၍ ပျက်စီးမှုမဖြစ်စေရေးအတွက် စနစ်တကျထိန်းသိမ်းထားရန် နစက ဥက္ကဋ္ဌကမှာကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌမှ မေ ၂၀ ရက်မွန်းလွဲပိုင်းက ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်ရှိ အမျိုးသားညီလာခံကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမကြီးအား သွားရောက်ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများကို မှာကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌသည် ညီလာခံကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမကြီးနှင့်အနော်ရထာရိပ်သာတို့အား ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့်အဆောက်အဦးများအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

အမျိုးသားညီလာခံကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမအဆောက်အဦးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အတည်ပြုပြဋ္ဌာန်းနိုင်ရန် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ အထိ အစုအဖွဲ့ ၈ ဖွဲ့မှကိုယ်စားလှယ် ၇၀၂ ဦးဖြင့် အမျိုးသားညီလာခံ ၇ ကြိမ်ကျင်းပခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အတည်ပြုပြဋ္ဌာန်းပြီးချိန်တွင် ညီလာခံခန်းမကြီးအား အသုံးပြုခြင်းမရှိတော့၍ ပြုပြင်ထိန်းသိမ်းမှုများအားနည်းခဲ့ရာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် နစက ဥက္ကဋ္ဌ ၏ မှာကြားချက်အရ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here