KMIC စီမံကိန်းဖော်ဆောင်ရာ၌ Green Zone များပါသတ်မှတ်ဆောင်ရွက်မည်

0
217

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ညောင်နှစ်ပင် ကျေးရွာအနီးရှိ Korea- Myanmar Industrial Complex(KMIC)စီမံကိန်းဆောင်ရွက်ရန်လျာ ထားမှုကို နစက ဥက္ကဋ္ဌမှ မေ ၂၀ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးစဥ်တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။

စီမံကိန်းဖော်ဆောင်ရာ၌ စက်ရုံလုပ်သားများနေထိုင်ရန် အဆောက်အဦးများကို စနစ်တကျနေရာရွေးချယ်တည်ဆောက်ခြင်း၊ ရေလုံလောက်စွာရရှိရေးအတွက်လည်း စနစ်တကျဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။

စီမံကိန်းလုပ်ငန်းများလျှင်မြန်စွာအကောင်အထည်ဖော်နိုင်ရန် Infrastructure များကိုကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပြီး စီမံကိန်းပြီးချိန်တွင် အလုပ်သမားများ၏ စားသောက်ရေး၊နေထိုင်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လုံလောက်စွာဆောင်ရွက်နိုင်ရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ဆေးရုံများကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဟု မှာကြားသည်။

“စီမံကိန်းအကောင်အထည်ဖော်ရာမှာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေဖို့အတွက် သစ်ပင်တွေကိုကြိုတင်စိုက်ပျိုးထားရပါမယ်၊ Green Zone တွေသတ်မှတ်ပြီးဆောင်ရွက်ဖို့လိုပါတယ် ၊လမ်းတွေရဲ့ဘေးတစ်ဖက်တစ်ချက်မှာလည်း သစ်ပင်တွေကို စနစ်တကျစိုက်ပျိုးရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ထို့ပြင် ဓာတ်ကြိုးသွယ်တန်းမှုများကို စနစ်တကျဆောင်ရွက်ရမည်ဖြစ်ပြီး စီမံကိန်းဆောင်ရွက်မည့်နေရာသို့ ဝင်ရောက်မည့်လမ်းများကို စနစ်တကျကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကာ စီမံကိန်းအမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာကုမ္ပဏီများနှင့်ပူး​ပေါင်းဆောင်ရွက်​ရေး မှာကြားသည်။

“ရန်ကုန်တိုင်းအတွင်းမှာ စိုက်ပျိုးမြေတွေလျော့ နည်းမှုမရှိစေဖို့ တခြားနည်းနဲ့အသုံးပြုတာတွေကို တာဝန်ရှိသူတွေက ခွင့်မပြုကြဖို့ကြပ်မတ်စေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

နစက ဥက္ကဋ္ဌအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က Korea- Myanmar Industrial Complex (KMIC) စီမံကိန်းအား အပိုင်းလိုက်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ဝန်ထမ်းအိမ်ယာများနှင့်အဆောက်အ ဦးများတည်ဆောက်ရန်နှင့်လမ်းများဖောက်လုပ်ရန်လျာထားမှု၊လျှပ်စစ်ဓာတ်အားနှင့်ရေရရှိရေးဆောင်ရွက်ထားရှိမှု၊စက်မှုဇုန်စီမံကိန်း၏ မြေအ သုံးချမှုဆိုင်ရာများ၊စီမံကိန်းဦးဆောင်အဖွဲ့ ဖွဲ့စည်း ထားရှိမှုတို့အား ရှင်းလင်းတင်ပြခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here