ရခိုင်ဒေသတွင် ဓာတ်အားလိုင်းပြုပြင်နေစဉ်အတွင်း မီးစက်နှင့် မီးပေးမည်

0
232

မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ဒေသတွင် လျှပ်စစ်မီးဖြန့်ဖြူးရေးပိုင်းများ ပျက်စီးခဲ့သည့်အတွက် ဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်ပြုပြင်နေစဉ်အတွင်း မီးစက်ဖြင့်မီးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESC မှသိရသည်။

ယင်းအပြင် ရခိုင်ပြည်နယ်၏ သဘာဝဘေး အကူအညီပေးနိုင်ရေးအတွက် YESC မှ လျှပ်စစ်ဝန်ထမ်း ၁၀၄ ဦးပါဝင်သည့်အဖွဲ့ နှင့်အတူ ၁၀ မီတာ ၁၂မီတာ ကွန်ကရစ် ဓာတ်တိုင် ၃၀၀ ၊500 KVA Genearator ၂လုံး အပါအဝင် လျှပ်စစ်ဆိုင်ရာလက်သုံးကိရိယာတွေပါ ယူဆောင်၍ မုန်တိုင်းကြောင့်ပျက်စီးခဲ့ရသည့် လျှပ်စစ်ဓာတ်အားလိုင်းတွေကို ပြန်လည်တည်ဆောက်ရန် ရန်ကုန်မှ လူအင်အားနှင့်ပစ္စည်းများ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကို လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးလျက်ရှိသည့် ၂၃၀ ကေဗွီ အမ်း- မြောက်ဦး- ပုဏ္ဏာကျွန်း မဟာဓာတ်အားလိုင်း တာဝါတိုင် ၁၂တိုင် ပျက်စီးနေမှုများရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here