တရုတ်နှင့်တင်းမာမှုမြင့်တက်နေသော်လည်း စစ်ပွဲသည်တစ်ခုတည်းသောရွေးချယ်စရာမဟုတ်ဟုထိုင်ဝမ်သမ္မတဆို

0
172

တိုင်ပေ၊မေ ၂၀

ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်သည် တရုတ်နှင့်တင်းမာမှုမြင့်တက်နေသည့်ကြားမှ ထိုင်ဝမ်ရေလက်ကြား၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုအား ထိန်းသိမ်းရန်ကတိပြုခဲ့သည်ဟုသိရသည်။

ထိုင်ဝမ်အနေဖြင့် တရုတ်အား ရန်လည်းစမည်မဟုတ်သကဲ့သို့ တရုတ်၏ဖိအားကိုလည်း ခေါင်းငုံ့ခံနေမည်မဟုတ်ကြောင်း သမ္မတဆိုင်က ၎င်း၏မိန့်ခွန်း၌ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်သည်ထိုင်ဝမ်အား ၎င်း၏ပိုင်နက်အဖြစ်ယူဆထားပြီး လိုအပ်ပါကစစ်ရေးအရ အင်အားသုံးရန်ရည်ရွယ်ထားသည်။၂၀၁၆ ခုနှစ် သမ္မတဆိုင်အာဏာရပြီးကတည်းက တရုတ်ဘက်မှထိုင်ဝမ်အပေါ် တောက်လျှောက်ဖိအားပေးနေခဲ့ခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံသည် ခွဲထွက်ရေးသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် ဆိုင်နှင့်ဆွေးနွေးရန် တောင်းဆိုမှုများကိုပယ်ချခဲ့ပြီး သမ္မတဆိုင်သည်လည်း ထိုင်ဝမ်၏လွတ်လပ်မှုနှင့်ဒီမိုကရေစီကို ကာကွယ်ရန် အကြိမ်ကြိမ်ကတိပြုခဲ့သည်။

“စစ်ပွဲက ရွေးချယ်စရာမဟုတ်ပါဘူး။မငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ လက်ရှိအနေအထားကို တစ်ဖက်သတ် ပြောင်းလဲလို့လည်းမရပါဘူး” ဟုဆိုင်ကပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအခြေအနေကိုထိန်းသိမ်းခြင်းသည် ကမ္ဘာနှင့်ထိုင်ဝမ်၏ သဘောတူညီမှုပါပဲဟုလည်းဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here