ပဲ ၊ ပြောင်း၊ နှမ်းအသင်းက လေဘေးသင့် ပြည်သူများအတွက် အလှူငွေ ကျပ်သိန်း (၅၀၀) နှင့် သွပ်ပြား အချပ်ရေ (၂၀,၀၀၀) လှူဒါန်း

0
203

မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်းက မိုခါမုန်တိုင်းဒဏ်သင့် ဒေသများမှ လေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ် ဆောင်နိုင်ရန်အတွက် ကျပ်သိန်း (၅၀၀) ၊ အမိုးသွပ်ပြားအချပ်ရေ (၂၀,၀၀၀)နှင့် သွပ်ရိုက်သံများလှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ်၏ ညီနောင်အသင်းဖြစ်သော မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော ဒေသများရှိ ပြည်သူများအတွက် အလှူငွေကျပ်သိန်း (၅၀၀) လှူဒါန်းခဲ့ခြင်းဖြစ်ပြီး “We Love Rakhine” အဖွဲ့သို့လည်း အမိုးသွပ်ပြားအချပ်ရေ (၂၁,၀၀၀)ချပ်နှင့် သွပ်ရိုက်သံ (၇၇၅)ပိဿာကို လှူဒါန်းခဲ့‌ကြော င်း သိရသည်။

ထို့အပြင် ကုန်သည်စက်မှုအသင်းချုပ်အနေ ဖြင့် မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ် ကျရောက်ခံစားခဲ့ရသည့် ဒေသများကို ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် UMFCCI Task Force ကို ဖွဲ့စည်းထားရှိပြီး အသင်းချုပ်၏ ညီနောင်အသင်းများမှလည်း ပါဝင်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here