အာဆင်နယ်ရဲ့ ရှုံးပွဲကြောင့် ၃ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာတဲ့ မန်စီးတီး

0
351

မနေ့က ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်း ရှုံးပွဲ ကြုံတွေ့ခဲ့တာကြောင့် မန်စီးတီး အသင်းဟာ လက်ကျန် ၃ ပွဲ ရလဒ်ကို စောင့်ကြည့်စရာမလိုတော့ဘဲ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးဟာ ရမှတ် ၈၅ မှတ်နဲ့ ၃ ပွဲကစားဖို့ကျန်နေချိန်မှာ အာဆင်နယ်အသင်းက ရမှတ် ၈၁ မှတ်နဲ့ ၁ ပွဲသာ ကစားဖို့ကျန်တော့တာကြောင့် မန်စီးတီးရဲ့ အမှတ်ကို လိုက်မမှီတော့တာကြောင့် ပရီးမီးယားလိဂ် ပွဲစဥ်‌တွေ မပြီးဆုံးသေးခင်မှာပဲ မန်စီးတီးတို့ ၃ နှစ်ဆက် ချန်ပီယံဖြစ်လာခဲ့တာပါ။

‌ဒါကြောင့် မန်စီးတီးအသင်းဟာ ဒီညအိမ်ကွင်းမှာကစားမယ့် ချဲလ်ဆီးနဲ့ပွဲအပြီးမှာတော့ မန်စီးတီးတို့ အောင်ပွဲခံကြမှာ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here