ဧဝရတ်တောင်ထိပ်အနီး၌ စင်္ကာပူနိုင်ငံသားတစ်ဦးပျောက်ဆုံးသွားသဖြင့် ကူညီပေးရန်မိသားစုတောင်းဆို

0
209

စင်္ကာပူ၊မေ ၂၀

စင်္ကာပူနိုင်ငံမှ တောင်တက်သမားတစ်ဦးသည်မေလ ၁၉ ရက်နံနက်ပိုင်းက ဧဝရတ်တောင်ထိပ်သို့ ရောက်ရှိပြီးနောက် ပျောက်ဆုံးသွားသဖြင့် ၎င်း၏မိသားစုက အရေးပေါ်အကူအညီပေးရန် တောင်းဆိုခဲ့သည်ဟုသိရသည်။

၎င်းသည် ပြီးခဲ့သည့်လကစ၍ ဧဝရတ်တောင်တက်ရန်စင်္ကာပူမှ နီပေါသို့ထွက်ခွာသွားခြင်းဖြစ်သည်ဟုလည်းသိရသည်။ ၎င်းနှင့်တစ်ဖွဲ့တည်းလာသည့် ဝမ်းကွဲညီမကမူ မစ္စတာရှရီနီဗာသည် နှင်းကိုက်သည့်ဒဏ်နှင့် မြင့်မားသောအရပ်၌ဖြစ်လေ့ရှိသည့် အဖျားရောဂါများကြောင့် ယခုကဲ့သို့အဖွဲ့နှင့်ကွဲကာကျန်ခဲ့ခြင်းဖြစ်နိုင်သည်ဟုဆိုသည်။

ဆက်လက်၍၎င်းက ဒေသခံတောင်တက်သမားများပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည်လည်းစနေနေ့ကတည်းက ရှာဖွေကယ်ဆယ်မှုများစတင်လုပ်နေပြီဟုလည်းဆိုသည်။

၎င်းသည် မီတာ ၈,၅၀၀ အကွာတွင် အခြေစိုက်စခန်းအရာရှိများနှင့် နောက်ဆုံးအဆက်အသွယ်ရခဲ့သည်ဟုလည်းသိရသည်။

ဧဝရတ်တောင်၌ နောက်ထပ်တောင်တက်သမား နှစ်ဦးလည်းသေဆုံးခဲ့ပြီး ယခုနှစ် တောင်တက်ရာသီတွင် သေဆုံးသူကိုးဦးအထိရှိခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင်ဖော်ပြထားသည်။

နှစ်စဉ်နှစ်တိုင်း ဧဝရတ်တောင်တက်သူများအနက် ငါးဦးခန့်သေဆုံးလေ့ရှာရမှ ယခုအခါသေဆုံးနှုန်းသည် နှစ်ဆနီးပါးတက်လာသည်ဟုလည်းဖော်ပြထားသည်။

Source CNA


LEAVE A REPLY

Please enter your comment!
Please enter your name here