စစ်တွေမြို့၌ ဆန်၊ဆီ၊ဆား၊ကြက်ဥ၊ဟင်းသီးဟင်းရွက်များနှင့်စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

0
175

“မိုခါ”မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ဒေသခံများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ဆီ၊ဆား၊ကြက်ဥ၊ဟင်းသီးဟင်းရွက်များနှင့်စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဒေသခံများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေးအဆင်ပြေစေရန်နှင့်စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဝယ်ယူစားသောက်နိုင်ရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့်တာဝန်ရှိသူများက ရောင်းချပေးလျက်ရှိခြင်းဖြစ်သည်။

ထိုသို့ ရောင်းချပေးလျက်ရှိရာ မေ ၂၁ ရက်က စစ်တွေမြို့၊ဦးဥတ္တမပန်းခြံ၌ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ဆန်၊ဆီ၊ဆား၊အသား၊ငါး၊ကြက်ဥ၊ဘဲဥ၊နို့ထွက်ပစ္စည်းများ၊ဟင်းသီးဟင်းရွက်များ၊ကြက်သွန်နီ၊ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ဘီစကစ်၊အမဲသားဗူး၊မျှစ်စားတော်ပဲဗူး၊ကြက်အာလူးဗူး၊ငါးတန်အချိုပေါင်းဗူး၊ငါးသလောက်ဗူး၊ငါးပိကြော်ဗူး၊ပဲထောပတ်ဗူး၊ပဲခရမ်းဗူး၊သရက်သီးသနပ်ဗူးတို့အား ပြင်ပပေါက်ဈေးထက်သက်သာသည့် ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြသည်။

စစ်တွေတပ်နယ်မှနယ်မြေခံတပ်မတော်သားများရောင်းချသည့် စားသောက်ကုန်များအား ဒေသခံများနှင့်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက ဝယ်ယူခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here