ထိုင်းနိုင်ငံ၌ကျင်းပသည့် Thai Fight ကလပ်၏ မွေထိုင်းလက်ဝှေ့စိန်ခေါ်ပွဲ၌ ကယန်းလက်ဝှေ့မယ်ဘရော်နီကာမှ ထိုင်းလက်ဝှေ့မယ် Aomsin အား ပထမအချီ ၁ မိနစ်ကျော်၌ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ကယန်းလက်ဝှေ့မယ်ဘရော်နီကာနှင့်ထိုင်းလက်ဝှေ့မယ် Aomsin တို့သည် မေ ၂၁ ရက်ညနေပိုင်းက ယှဥ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းဖြစ်ပြီး ကယန်းလက်ဝှေ့မယ်ဘရော်နီကာမှ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် ဧပြီနောက်ဆုံးပတ်က အီတလီနိုင်ငံ၊ရောမမြို့၌ယှဥ်ပြိုင်ထိုးသတ်ခဲ့သည့် အီတလီလက်ဝှေ့မယ်အား အမှတ်ဖြင့်အနိုင်ရရှိထားသည်။