Bakhmut ကို မိမိတို့ လုံးဝသိမ်းပိုက်ရရှိပြီဟု ရုရှားတို့ဆိုသော်လည်း ဇလန်းစကီးက မဟုတ်ဟုဆိုပြန်

0
221

ရှစ်လကြာ ပြင်းထန်သော တိုက်ပွဲများအပြီးတွင် ရုရှားပုဂ္ဂလိကပိုင် Wagner Group စစ်တပ်မှ တပ်သားများသည် ယူကရိန်းနိုင်ငံ၏ Bakhmut မြို့ကို လုံးဝသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း Wagner Group စစ်တပ်ပိုင်ရှင် Yevgeny Prigozhin ကပြောသည်။

Bakhmut မကျဆုံးသေးကြာင်း ယူကရိန်းသမ္မတ ဇလန်းစကီးက တနင်္ဂနွေနေ့တွင် ငြင်းဆိုခဲ့သော်လည်း ရုရှားစီးပွားရေးသမားနှင့် Wagner Group စစ်တပ်ပိုင်ရှင် Yevgeny Prigozhin ကမူ Bakhmut ကျဆုံးခဲ့ပြီဖြစ်ကြောင်း ဖော်လိုဝါ ၄၂၀၀၀၀ ရှိသည့် သူ၏ Telegram အကောင့်တွင် အသံဖြင့်ပြောကြားခဲ့သည်။

“Bakhmut မှာ ခုဆိုရင် ယူကရိန်းစစ်သားတစ်ယောက်မှကို မရှိတော့ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

“ယူကရိန်းတပ်သားတွေရဲ့ ရုပ်အလောင်းတွေ အများကြီးရှိနေပါတယ်။ Bakhmut ရဲ့တရားဝင်နယ်နိမိတ်များအားလုံးတစ်လျှောက် နောက်ဆုံးစင်တီမီတာအထိ ကျွန်တော်တို့ လုံး၀ သိမ်းယူထားပြီးဖြစ်ပါတယ်။ ဇလန်းစကီးဟာ ကျွန်တော်တို့ရဲ့ စစ်ခေါင်းဆောင်တွေလိုပဲ မြေပြင်အခြေအနေတွေကို ကောင်းကောင်းမသိပါဘူး”ဟုလည်း Prigozhin ကပြောထားသည်။

ရုရှားတီဗီနှင့် Telegram ချန်နယ်နှစ်ခုစလုံးရှိ ဗီဒီယိုများတွင် Bakhmut မြို့၏အပျက်အစီးများကြား တိုက်ခန်းအဆောက်အအုံခေါင်မိုးများပေါ်မှနေ၍ Wagner Group စစ်တပ်မှ တပ်သားများက ရုရှားအလံများ ဝှေ့ယမ်းပြနေခြင်းအား ပြသလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here