စင်္ကာပူဝန်ကြီးချုပ် ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိ

0
158

စင်္ကာပူ၊မေ ၂၂

စင်္ကာပူဝန်ကြီးချုပ်မစ္စတာလီရှန်လွန်းသည် တောင်အာဖရိကနှင့်ကင်ညာနိုင်ငံခရီးစဉ်များအပြီး၌ ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရှိရသည်။

“ဒီနေ့မနက်ကျွန်တော့်ဆီမှာကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ပါတယ်၊ကျွန်တော့်ရဲ့ အလုပ်သဘောခရီးစဉ်အပြီးမှာ အခုလိုစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး လောလောဆယ်ဘာမှဆိုးဆိုးရွားရွားမခံစားရပေမဲ့ ကျွန်တော့်ဆရာဝန်တွေကတော့ ရောဂါလက္ခဏာအရှင်းပျောက်ပြီးသက်သာသွားတဲ့အထိ တစ်ယောက်တည်းသီးသန့်နေဖို့ပြောထားပါတယ်” ဟု မစ္စတာလီက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ပြောကြားခဲ့သည်။

မစ္စတာလီသည် မေ ၁၄ မှ ၁၆ ရက်က တောင်အာဖရိကရှိ Cape Town သို့လည်းကောင်း ကင်ညာနိုင်ငံရှိ Nairobi မြို့သို့ မေလ ၁၇ ရက်မှ ၁၉ ရက်အထိလည်းကောင်း ခရီးစဉ်တစ်ခုသွားရောက်ခဲ့ကြောင်းသိရသည်။ 

စင်္ကာပူကျန်းမာရေးဝန်ကြီးကလည်း ပြီးခဲ့သည့်ဧပြီလက စင်္ကာပူ၏ကိုဗစ်အခြေအနေသည် အထွတ်အထိပ်သို့မြင့်တက်လာသေးသဖြင့်မပေါ့ဆကြရန်နှင့် အချိန်နှင့်တစ်ပြေးညီ ကာကွယ်ဆေးထိုးကြရန်လည်းတိုက်တွန်းထားသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here