ဖိလစ်ပိုင်၏သမိုင်းဝင်စာတိုက်အဆောက်အအုံ မီးလောင်ပျက်စီး

0
176

မနီလာ၊မေ ၂၂

ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာရှိ သမိုင်းဝင်စာတိုက်ကြီးတစ်ခုကို အကြီးအကျယ် မီးလောင်ကျွမ်းခဲ့ကြောင်း တာဝန်ရှိသူများက မေလ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့နှောင်းပိုင်းက ဆယ်စုနှစ်များစွာသက်တမ်းရှိသည့် အထင်ကရနေရာ၌ မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်ကားအစီးရေ ၈၀ ကျော်စေလွှတ်ငြှိမ်းသတ်ခဲ့ရသည်ဟု မီးသတ်ဌာနကဆိုခဲ့သည်။

တဟုန်းဟုန်းလောင်နေသောမီးများကို ငြှိမ်းသတ်ရန် မီးသတ်သမားများ အချိန်ခုနစ်နာရီခန့်ယူခဲ့ရသည်ဟုလည်းသိရသည်။အောက်ဆုံးအထပ်မှ ငါးလွှာအထိ အဆောက်အအုံတစ်ခုလုံးမီးလောင်ခဲ့ပြီး လောင်ကျွမ်းရသည့်အကြောင်းအရင်းကိုမူ ဆက်လက်စုံစမ်းဆဲဖြစ်သည်ဟုလည်းဆိုသည်။

၁၉၂၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ယင်းစာတိုက်သည် တစ်ချိန်က မနီလာရှိ “အကြီးကျယ်ဆုံးအဆောက်အအုံ” အဖြစ် သတ်မှတ်ခံခဲ့ရသည့်အ‌ဆောက်အအုံတစ်ခုဖြစ်ကြောင်းလည်း ၎င်း၏ ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

အဆိုပါအဆောက်အအုံသည် ဒုတိယကမ္ဘာစစ်အတွင်း၌ မြို့တော်ကို ဂျပန်လက်မှအမေရိကန်များ သိမ်းပိုက်ခဲ့စဉ်ကလည်း ပျက်စီးခဲ့သေးသဖြင့် ၁၉၄၆ ခုနှစ်တွင်ပြန်လည်တည်ဆောက်ခဲ့ခြင်းလည်းဖြစ်သည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here