လွန်ခဲ့တဲ့နှစ်သုံးဆယ်က အမှတ်တရတွေကို ပြောပြတဲ့ ကော်နီ

0
590

dsc_0254-copy

နိုဝင်ဘာလ၂၆ရက်နေ့မှာ သူငယ်ချင်းတွေဖြစ်ကြတဲ့ တူးတူး၊ ချစ်ကောင်း၊ဟေမာနေဝင်းတို့နဲ ပူးပေါင်း ဖျော် ဖြေပွဲပြုလုပ်မယ့် ကော်နီက ဒီပွဲမှာ ပါဝင်သီဆိုရတဲ့ အလွန် ပျော်ရွှင်နေပြီးသူငယ်ချင်းတွေအတူ တူညီဆိုရတဲ့ပွဲဖြစ်လို့ ပျော်စရာအမှတ်တရတွေလည်း ဖြစ်မှာပါလို့ ဆိုပါတယ်။ သူငယ်ချင်းတွေ ပြန်ဆုံကြ မယ့်ပွဲကို သီဆို မယ့် ကော်နီကို ယခင်နှစ် ၃ဝ ကာလက ဂီတလောကရဲ့ အနေအထားနဲ့ ဂီတမောင်နှမတို့ရဲ့ ဆက်ဆံရေးအကြောင်းတွေ ပြန်မေးကြည့်တော့ “ဟိုး အရင်က အားလုံးကမောင်နှမတွေလိုပဲ။ အဲ့ဒီတုန်းကတော့ အဆိုတော်ဆိုလို့ လက်ချိုးရေလို့ရတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်းတအားချစ်တယ်။

တချို့နေရာတွေ       ဖျော်ဖြေပွဲတွေမှာဆိုအိပ်ရာလိပ်ကအစ ကိုယ့်ဘာသာ သယ်ရတယ်။ သောက်ရေကအစ ကိုယ့်ဘာသာသယ်ရ တယ်။ တစ်ယောက် မုန့် တစ်ယောက်ယူစားပေါ့။ တအား ချမ်းတဲ့ နေရာတွေမှာစောင် မပါတဲ့အခါမျိုးဆို စောင် တစ်ထည်တည်းမှာစုပြီး ခြုံရတယ်။ တစ်ယောက်နဲ့ တစ် ယောက်ရဲ့ ချစ် ခင်မှုက အများကြီးပေါ့။ ဟေမာတို့ မကော် တို့ ဆိုပြောရရင် အနုပညာမှာ ပြိုင်ဘက်တွေပဲ။ ဘာမှမဖြစ် ကြဘူးလားဆိုတော့ ကတောက်ကဆ ဖြစ်တာရှိတယ်။

ဒါပေမဲ့ မောင်နှမတွေလိုပဲ ဖြစ်ပြီးရင် ပြီးသွားရော။စိတ်ထဲမထားဘူး။ မကော်တို့ အချင်းချင်းချစ်တယ် ဆိုတာအပြင် မကော်တို့မိဘတွေကပါ အချင်းချင်းချစ် ကြတယ်။Show သွားကြရင်လည်းနေ့လယ်ပိုင်း ဆိုကစားကြတယ်။ အမေတွေက အတင်းအနားယူ ခိုင်းရတယ်။ ငယ်ဘဝတွေကို ပြောရင် ဆုံးမှာ မဟုတ်ဘူး။

ကလေးတွေရောအမေတွေ ရောဥမကွဲ သိုက်မပျက်ပဲ။အဲ့ဒီကာလ က လူတွေအားလုံးကမိသားစုကြီး လိုဖြစ် နေတယ်။ တစ်ယောက်နဲ့တစ်ယောက် မနာလို မုန်း ထားလည်း မရှိဘူး။တစ်ယောက်ဝတ်ထားတဲ့ ဝတ်စုံ အဆင်မပြေရင်တောင် တစ်ယောက် က အကြံပေးတယ်။ သူမလှလည်း နေပါစေဆိုတဲ့ စိတ်မျိုးမရှိဘူး။ တကယ့်ကိုမိသားစုဆန်တဲ့ အချစ် တွေမို့လို့ လည်းခု နှစ်သုံးဆယ်ကျော် အထိအားလုံးက ခိုင်မြဲကြတာပေါ့။ခုထိလည်းမတွေ့ဖြစ်ရင်တောင် အပြင်မှာတကူး တကချိန်းပြီးတွေ့ကြ တယ်” လို့ ကော်နီက သူတို့ ကာလ ကပျော်စရာအမှတ်တရများကိုပြော ပြပါတယ်။

ကော်နီက နိုဝင်ဘာလ ၂၆  ရက်နေ့မှာ ကျင်းပမယ့် သူတို့ သူငယ် ချင်းတွေရဲ့ ဂီတပွဲကိုလည်းလူငယ် လူကြီးအားလုံးလာကြည့်ကြဖို့ ဖိတ် ခေါ်ထားပြီး သူမရဲ့  တစ်ကိုယ်တော် ဖျော်ဖြေပွဲတစ်ပွဲကိုလည်း ၂ဝ၁၇ ခုနှစ် နှစ်ဆန်းမှာ ပြုလုပ်ဖို့စီစဉ်ထား တယ်လို့လည်း သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here