ရုရှားတွင် ကျင်းပမည့် National Open Championship of Creative Skills (ARTMASTERS)သို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများ မေ (၂၅) ရက်နောက်ဆုံးထားစာရင်းသွင်းရမည်

0
223

ရုရှားနိုင်ငံတွင်ကျင်းပမည့် National Open Championship of Creative Skills (ARTMASTERS)သို့ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာရုပ်ရှင် ဖန်တီးထုတ်လုပ်သူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း မြန်နိုင်ငံရုပ်ရှင်အစည်းအရုံး၏ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ သိရသည်။

ပြိုင်ပွဲတွင် ဓာတ်ပုံ၊ အသံ၊ ဗီဒီယို အထူးပြုလုပ်ချက်၊ ရုပ်ရှင်ရိုက်ကူးမှု၊ သီချင်းသီကုံးရေးသားမှု၊ ဝတ်စုံဖန်တီးမှုစသည့် အရည်အသွေးဆိုင်ရာတီထွင်ဖန်တီးမှုများ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် မြန်မာရုပ်ရှင်ဖန်တီး ထုတ်လုပ်သူများအနေဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နိုင်ငံတကာဆက်ဆံရေး ကော်မတီထံသို့ မေ (၂၅) ရက်နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်သည်။

အသေးစိတ်သိရှိလိုသည့် အချက်အလက်များအား ww w.artmasters.ru တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here