မိုခါ မုန်တိုင်းကြောင့် ယာယီရပ်နားထားရသည့် ရွှေပြည်တန် အမြန်ရေယာဉ်လိုင်း ပြန်လည်ပြေးဆွဲနေ

0
189

ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်းကြောင့် ယာယီရပ်နားထားသည့် ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းကို မေလ (၂၂) ရက်က စတင်ပြီး ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

မိုခါ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုသို့ ပြေးဆွဲပေးနေသော ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းသည် မုန်တိုင်းမဖြစ်မီ မေလ (၁၂) ရက်မှ ရပ်နားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်တွေ – ကျောက်ဖြူ – ရမ်းဗြဲ – ကျောက်နီမော် – တောင်ကုတ် – မာန်အောင်ခရီးစဉ်၊ တောင်ကုတ် – ကျောက်နီမော် – ရမ်းဗြဲ – ကျောက်ဖြူ – စစ်တွေခရီးစဉ်၊ တောင်ကုတ် – မာန်အောင်ခရီးစဉ်၊ မာန်အောင် – တောင်ကုတ်ခရီးစဉ်များကို ပြန်လည်ပြေးဆွဲနေပြီဖြစ်‌ကြောင်း သိရသည်။

ထို့အပြင် ရသေ့တောင် – ဘူးသီးတောင်၊ ဘူးသီးတောင် – ရသေ့တောင် – စစ်တွေ၊ စစ်တွေ – ပေါက်တော – မင်းပြား၊ မင်းပြား – ပေါက်တော – စစ်တွေ၊ စစ်တွေ – မြောက်ဦး၊ မြောက်ဦး – စစ်တွေခရီးစဉ်ကိုလည်း မကြာခင် ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here