“မိုခါ”မုန်တိုင်းဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ရုရှားနိုင်ငံ The Fund RC-Investments မှ ရူဘယ်ငွေ ၁၅၀၀၀၀ လှူ ဒါန်း

0
219

“မိုခါ”မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံသားများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ရုရှားနိုင်ငံ The Fund RC- Investments မှ ရူဘယ်ငွေ ၁၅၀၀၀၀ အား လှူဒါန်းခဲ့သည်။

The Fund RC-Investments ၏ ဒါရိုက်တာ Mr. Alexander Shatirov မှ မေ (၂၂) ရက်မွန်းတည့် (၁၂) နာရီ (မော်စကိုစံတော်ချိန်)က မြန်မာသံရုံး၊ မော်စကိုမြို့သို့ လာရောက်လှူဒါန်းရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးက လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သံအမတ်ကြီး ဦလွင်ဦးမှ မုန်တိုင်းတိုက်ခတ်ခံခဲ့ရသည့်ဒေသများရှိ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုးကူညီပေးမှုအတွက် မြန်မာနိုင်ငံအစိုးရ ကိုယ်စားကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး အလှူငွေများအား မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဟု သိရခဲ့သည်။

မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးရှုံး ၊ ထိခိုက်ဒဏ်ရာရခဲ့သည့် ဒေသခံများနှင့်၎င်းတို့၏မိသားစုဝင်များအတွက် စာနာထောက်ထားမှုအနေဖြင့် The Fund RC-Investments က တတပ်တအား ပါဝင်လှူဒါန်းခြင်းဖြစ်ကြောင်း Mr. Alexander Shatirov ကလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here