အမှတ်ပြန်လည်လျော့ခံရလို့ လာမယ့်ရာသီမှာ ဥရောပဖလားပြိုင်ပွဲ၀င်ခွင့်ရဖို့ ရုန်းကန်ရတော့မယ့်ဂျူဗင်တပ်

0
483

အီတလီစီးရီးအေ ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ အမှတ်ပြန်လည်လျော့ခံရလို့ လာမယ့်ရာသီမှာ ဥရောပဖလားပြိုင်ပွဲ၀င်ခွင့်ရဖို့ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ အပြောင်းအရွှေ့ကိစ္စတွေနဲ့ ငွေကြေးသုံးစွဲမှုတွေမှာ စာရင်းလိမ်ညာပြီး ခဝါချမှုတွေရှိခဲ့တယ်လို့ စစ်ဆေးတွေ့ရှိရတာကြောင့် တရားရုံးက ၁၅ မှတ်လျော့ချဖို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းက သတ်မှတ်ခဲ့တာကြောင့် ဂျူဗင်တပ်အသင်းဟာ ၁၅ မှတ်နှုတ်ခံရအပြီးမှာ ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ အထိ ဆင်းခဲ့ရပါတယ်။

ဒါပေမယ့် တာ၀န်ရှိသူတွေက ၂၀၂၃ ခုနှစ် ဧပြီလမှာ ပြစ်ဒဏ်က ကင်းလွတ်ခွင့် ပေးခဲ့တာကြောင့် ၁၅ မှတ်လျော့ခံရတဲ့ ပြစ်ဒဏ် ကင်းလွတ်သွားလို့ အဆင့် ၇ ကနေ အဆင့် ၃ ထိ တက်ရောက်နိုင်ခဲ့ပါတယ်။

၁၅ မှတ်ပြန်လည် ဖြည့်တည်းပေးအပြီး ၂၀၂၃ ခုနှစ်မေလ ၂၂ ရက်မှာတော့ အီတလီနိုင်ငံရဲ့ အယူခံကြားနာရေး ဖက်ဒရယ်ကောင်စီက ဂျူဗင်တပ်ကို ၁၀ မှတ် အမှတ်လျှော့ပြစ်ဒဏ် ပြန်လည်ချမှတ်ခဲ့ပြန်ပါတယ်။

ဒါကြောင့် ဂျူဗင်တပ်အသင်းဟာ အမှတ်ပြန်လည်လျော့ခံခဲ့ရတာကြောင့် ရမှတ် ၅၉ မှတ်နဲ့ အဆင့် ၇ နေရာထိ ပြန်ရောက်သွားပြီး ရာသီပြီးဆုံးဖို့ ၂ ပွဲသာကျန်တော့တဲ့အတွက် လာမယ့်ရာသီမှာ ဥရောပဖလားပြိုင်ပွဲ၀င်ခွင့်ရဖို့ အခွင့်အရေးနည်းပါးသွားပြီ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here