မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံသားများအတွက် ထိုင်းဘုရင်လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများ ရန်ကုန်လေဆိပ်သို့ ရောက်ရှိ

0
522

“မိုခါ”မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံသားများအတွက် ထောက်ပံ့ရေးပစ္စည်းများအား ထိုင်းဘုရင် H.M. King Maha Vajiralongkorn Phra Vajiraklaoch aoyu -hua၊ မိဖုရား Suthida Bajrasudhabim-alalakshana နှင့်တော်ဝင်မိသားစုတို့မှ မေ (၂၂) ရက်ကလှူဒါန်းခဲ့ကြသည်။

ထိုင်းဘုရင် လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများသည် ယနေ့တွင် မေ (၂၃) ရက် C-130 လေယာဉ် (၂) စီးဖြင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာရာ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက ထိုင်းဘုရင်လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများဖြစ်သည့် ယာယီရွက်ဖျင်တဲများ၊ စောင်၊ ဆေးဝါးများ၊ တာရှည်ခံ စားသောက်ကုန်များအပါအဝင် ပစ္စည်း (၁၃) မျိုးအား ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုင်းဘုရင်လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများအား ရန်ကုန်လေဆိပ်မှ တဆင့် မုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသများသို့ အချိန်မီဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here