မှော်ဘီမြို့ GE မှတ်တိုင်အနီးတွင် ကား ၃ စီးတိုက် ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

0
556

ရန်ကုန်တိုင်း၊မှော်ဘီမြို့ရှိ GE မှတ်တိုင်အနီးတွင် မေ ၂၃ ရက်(ယနေ့)နေ့လည် ၃ နာရီခွဲခန့်က ကား ၃ စီးတိုက်မိခဲ့ကြောင်း မြို့မလူမှုကူညီရေးအသင်း(မှော်ဘီ)မှ သိရသည်။

မှော်ဘီမြို့၊ပြည်လမ်းပေါ်ရှိ GE မှတ်တိုင်အနီးတွင် SUZUKI ကား၊ အဌားကား(Taxi)နှင့်အိမ်စီးကားတို့ တိုက်မိခဲ့ပြီးနောက် အဌားကား(Taxi)မှာ ပက်လက်လန်တိမ်းမှောက်သွားခဲ့ပြီး SUZUKI ကားနှင့်အိမ်စီးကားတို့မှာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် SUZUKI ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်းညပ်ကာ ထိခိုက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အိမ်စီးကားပေါ်မှ ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

” Taxi ပေါ်ကလူတွေက ပွန်းပဲ့ရုံလောက်ပါပဲ မြေ ပြင်မှာဆေးထည့်ပေးရရုံလောက်ပဲ ပျက်စီးတာတွေမှာ အိမ်စီးကားနဲ့ SUZUKI ကားကပိုများတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် သေဆုံးသွားသူ၏ ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူ ၂ ဦးတို့အား မှော်ဘီမြို့ပြည်သူ့ဆေးရုံသို့ မြို့မလူမှုကူညီရေးအသင်း(မှော်ဘီ)မှ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here