ယူကရိန်းသည် ရုရှားကို အနိုင်ယူ၍ မရနိုင်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ပြောကြား

0
357

ယူကရိန်းသည် ရုရှားကို အနိုင်ယူ၍ မရနိုင်ကြောင်း နှင့် လွန်ခဲ့သည့် ၁၅ လက စတင်ခဲ့သော ပဋိပက္ခသည် သံခင်းတမန်ခင်းအားဖြင့်သာ ဖြေရှင်းနိုင်သည်ဟု အီးယူနှင့် နေတိုးအဖွဲ့ဝင်ဖြစ်သည့် ဟန်ဂေရီနိုင်ငံ၏ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် အင်္ဂါနေ့က ပြုလုပ်သော ကာတာစီးပွားရေးဖိုရမ် အဖွင့်မိန့်ခွန်း၌ ပြောကြားခဲ့သည်။

“လက်ရှိ မြေပြင်အခြေအနေရဲ့ ကိန်းဂဏန်းအမှန်တွေ၊ ပတ်ဝန်းကျင်အခြေအနေတွေ၊ နေတိုးတပ်ဖွဲ့တွေ စေလွှတ်ဖို့ အဆင်သင့်မဖြစ်သေးတာတွေကိုကြည့်ခြင်းအားဖြင့် စစ်မြေပြင်မှာ သနားဖွယ်ကောင်းတဲ့ ယူကရိန်းနိုင်ငံသားတွေအတွက် အောင်ပွဲမရှိဘူးဆိုတာ ထင်ရှားပါတယ်။ အဲဒါက ကျွန်တော့်ရဲ့ ယူဆချက်ပါ”ဟု သူကဆိုသည်။

“ရုရှားက အမေရိကန်နဲ့ သဘောတူညီချက်ရမှသာလျှင် စစ်ပွဲကို ရပ်နိုင်တယ်။ ဥရောပမှာ ကျွန်တော်တို့က အဲဒါကို မကျေနပ်ပေမယ့် ဒါဟာ တစ်ခုတည်းသော နည်းလမ်းပါပဲ။”

ဟန်ဂေရီ သည် ရုရှားနှင့် အဆက်အသွယ်ဖြတ်ရန် ငြင်းဆိုခဲ့ပြီး နေတိုး၏ စစ်ရေးချဲ့ထွင်မှုကိုလည်း ဆန့်ကျင်ခဲ့သည်။ တူရကီကဲ့သို့ပင်၊ ဟန်ဂေရီသည် ဆွီဒင်၏ စစ်မဟာမိတ်အဖွဲ့ဝင်အဖြစ်ကို အသိအမှတ်ပြုခြင်းမရှိသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here