(၁၁) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ဒု- ဗိုလ်ချုပ်ကြီးရာပြည့်တက်ရောက်

0
179

ရုရှားနိုင်ငံ၊မော်စကိုမြို့၌ ကျင်းပမည့် (၁၁) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်သည် ရုရှားနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr. Nikolay Patrushev ၏ ဖိတ်ကြားချက်အရ ယင်းအစည်းအဝေးသို့တက်ရောက်ရန် မေ (၂၃) ရက် ည‌နေပိုင်းက ရန်ကုန်လေဆိပ်မှတဆင့် ရုရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် အဖွဲ့အား ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here