“မိုခါ”မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်တွေမြို့ရှိ ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၁) နှင့် ၆၆/၁၁ ကေဗွီ အမှတ်(၂) ဆတ်ရိုးကျ ဓာတ်အားခွဲရုံတို့အား ပြန်လည်ပြုပြင်လျက်ရှိ

0
166

မေ (၁၄) ရက်က တိုက်ခတ်ခဲ့သည့် “မိုခါ”မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့ရှိ ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၁)၊ ၆၆/ ၁၁ ကေဗွီ အမှတ်(၂) ဆတ်ရိုးကျ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ လက်ရှိအချိန်တွင် ပြန်လည်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ပြန်လည်ပြင်ဆင်နေမှုများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကျော်မှ မေ (၂၂) ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒုတိယ ဝန်ကြီးသည် မေ (၂၂) ရက်တွင် စစ်တွေမြို့ မေယုလမ်းမ တလျှောက်၊ မင်းဘာကြီးလမ်း တလျှောက်နှင့် ပြည်နယ်လွှတ်တော်လမ်း တလျှောက် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ ပြုပြင်ပြင်ဆင်နေမှုများ၊ ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၁)၊ Control Room နှင့် ပျက်စီးသွားသည့် မီးစက်အဆောက်အအုံ၊ စစ်တွေမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၏ ငွေလက်ခံကောင်တာနှင့် ခွဲရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများ၊ ပစ္စည်းသိုလှောင်ရေး အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ၆၆/၁၁ ကေဗွီ အမှတ် (၂) ဆတ်ရိုးကျ ဓာတ်အားခွဲရုံဝင်းအတွင်း ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများ၊ ဓာတ်အားခွဲရုံ Switch Yard အတွင်း ပျက်စီးသွားသည့် ဓာတ်အားခွဲရုံ ဆက်စပ်ပစ္စည်းများ ပြင်ဆင်နေမှုနှင့် စစ်တွေလေဆိပ်လမ်း တလျှောက်ရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများ ပြုပြင်နေမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းသို့ ကြည့်ရှုစစ်ဆေးရာတွင် ဓာတ်အားအမြန်ဆုံးပို့လွှတ်ဖြန့်ဖြူးနိုင်ရေး၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားပို့လွှတ်ရေးလိုင်းများနှင့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေးလိုင်းများ ပြန်လည်ပြင်ဆင်တည် ဆောက်ခြင်းများအား အမြန်ဆုံးဆောင်ရွက်ရန် ဒုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here