ပဲခူးတိုင်းနှင့်မကွေးတိုင်းတို့ရှိ ကျေးရွာ ၅ ရွာ၌ စက်ရေတွင်းများတူးရန် ပေကျင်းမြို့၊လင်ကွန်ကျောင်းတိုက်ဆရာတော်မှ အလှူငွေလှူဒါန်း

0
128

ပဲခူးတိုင်းရှိ ကျေးရွာ ၃ ရွာနှင့်မကွေးတိုင်းရှိ ကျေးရွာ ၂ ရွာတို့၌ စက်ရေတွင်းများတူးရန် တရုတ်နိုင်ငံ၊ပေကျင်းမြို့ရှိ လင်ကွန်ကျောင်းတိုက်ဆရာ တော်ချန်ကျန့်မှ အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

အလှူငွေပေးအပ်လှူဒါန်းပွဲအား မေ ၂၃ ရက်က နေပြည်တော်၌ကျင်းပရာ သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးတက်ရောက်၍ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

လင်ကွန်ကျောင်းတိုက်ဆရာတော်ချန်ကျန့်က မြန်မာနိုင်ငံရှိ ကျေးရွာငါးရွာတွင် စက်ရေတွင်းရေကန်များတူးဖော်ဆောက်လုပ်လှူဒါန်းလိုသည့် အကြောင်းရင်းကို ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Liu Wei က ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးမှလည်း ဆရာတော်ပေးလှူသော စက်ရေတွင်းများသည် ကျေးရွာများရှိ အိမ်ခြေ ၁၀၅၀ ၊လူဦးရေ ၄၀၅၃ ဦးကို အကျိုးပြုနိုင်မည်ဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင်ကာ လှူဒါန်းသည့် ရေတွင်းရေကန်များကို မြေပြင်တွင်အမှန်တကယ်အကျိုးရှိထိရောက်စေရန်ကြပ်မတ်ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဝန်ကြီးဌာနမှလည်း နှစ်စဉ်သောက်သုံးရေရရှိရန် ဆောင်ရွက်ပေးလျက်ရှိသော်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်များခန်းခြောက်လာပြီး သောက်သုံးရေလုံလောက်မှုမရှိသောကျေးရွာများကျန်ရှိနေ၍ ထပ်မံလှူဒါန်းမည်ဆိုပါက ဝမ်းမြောက်ဝမ်းသာကြိုဆိုသည်ဟုလည်း ပြောကြားခဲ့သည်။

လင်ကွန်ကျောင်းတိုက်ဆရာတော်ချန်ကျန့်မှ ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ရှိ ဘူးဘက်ကျေးရွာနှင့် ရွှေတွင်းတူးကျေးရွာ၊မိုးညိုမြို့နယ်ရှိ ရှစ်ကွက်ကျေးရွာ၊မကွေးတိုင်းဒေသကြီး၊ချောက်မြို့နယ်ရှိ ပြကျေးရွာ၊နတ်မောက်မြို့နယ်ရှိ ကျွေးထူးကန်ကျေးရွာတို့တွင် စက်ရေတွင်းများတူးဖော်ရန်နှင့်ရေစင်၊ဆိုလာရေတင်စနစ်များဆောင်ရွက်ရန်အတွက် အလှူငွေများလှူဒါန်းခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here