အိမ်စီးကား အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရှိဓာတ်တိုင်ကိုဝင်တိုက် ကားမောင်းသူပြင်းထန်ဒဏ်ရာရရှိခဲ့မှု စစ်ကိုင်းမြို့တွင်ဖြစ်ပွား

0
191

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့၊ပန်းဘဲတမ်းရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မေ ၂၄ ရက်ည ၇ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်အိုးဘိုလူမှုကူညီရေးအသင်းတို့မှ သိရသည်။

စစ်ကိုင်းမြို့၊ပန်းဘဲတန်းရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမကြီးအတိုင်း အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၁ ဦးစီးနင်းလိုက်ပါလာသည့် အိမ်စီးကားသည် ရွှေမင်းဝံပန်းခြံလမ်းထောင့်အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရှိ ဓာတ်တိုင်အား ဝင်တိုက်မိခဲ့သည်။

“အရှိန်ကအတော်ပြင်းတာဗျ ကားခေါင်းအလယ်တည့်တည့်နဲ့တိုက်တာ တော်တော်ပျက်စီးသွားတယ် လမ်းကရှင်းနေတော့ အမြန်မောင်းလာတုန်းအရှိန်မထိန်းနိုင်တော့ဘဲဝင်တိုက်မိတာဖြစ်မယ် အမျိုးသား ၂ ယောက်က ဒဏ်ရာမရခဲ့ပါဘူး” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် ကားမောင်းသူမှာ ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ပြီး လိုက်ပါလာသည့် အမျိုးသမီးတွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် အိုးဘိုလူမှုကူညီရေးအသင်းကားဖြင့် ကုတင်(၂၀၀)ဆံ့ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here