၂ လကျော်ကြာရပ်နားထားသည့် Myanmar National League 2023 ယနေ့ပြန်လည်စတင်မည်၊ ပရိသတ်များပါ၀င်ရောက်ကြည်ရှုနိုင်ပြီ

0
137

နိုင်ငံတကာပွဲစဉ်များကြောင့် အချိန်၂ လကျော်ကြာရပ်နားထားသည့် Myanmar National League 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ယနေ့‌မေလ ၂၅ ရက်တွင် ပြန်လည်စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

(Week-6) ၏အဖွင့်ပွဲစဉ်အဖြစ် ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် YUSC ကွင်း၌ ရတနာပုံအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ကစားကြမည်ဖြစ်ပြီး ညနေ ၄ နာရီတွင် သုဝဏ္ကကွင်း၌ GFA အသင်းနှင့် မြဝတီအသင်းတို့ ကစားကြမည်ဖြစ်သည်။

အဆင့် ၉ နေရာမှ ရတနာပုံအသင်းသည် နောက်ဆုံးကစားထားသည့်ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်းကို အနိုင်ရရှိထားပြီး အဆင့် ၁၁ နေရာမှ ဧရာဝတီယူနိုက်တက်အသင်းက နောက်ဆုံးပွဲတွင်မဟာယူနိုက်တက်အသင်းကို ရှုံးနိမ့်ထားသည်။

အဆင့် ၈ နေရာမှ GFAအသင်းသည်လည်း နောက်ဆုံးကစားထားသည့်ပွဲတွင် ISPE အသင်းကို အနိုင်ရထားပြီး အဆင့် ၁၀ နေရာမှ မြဝတီအသင်းသည် နောက်ဆုံးပွဲတွင် ရှမ်းယူနိုက်တက်အသင်းကို ရှုံးနိမ့်ထားသည်။

Myanmar National League 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၆) မှစ၍ ပရိသတ်များ၀င်ရောက်ကြည်ရှုခွင့်ပြုမည်ဟု သိရပြီး MNL 1 အတွက် ကွင်း၀င်ကြေး ၃၀၀၀ ကျပ်၊ MNL 2 အတွက်ကွင်း၀င်ကြေး ၁၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here