ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေးတွင် လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် (MLCA) ပါဝင်ဆောင် ရွက်မည်

0
149

မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် (MLCA) အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါ င်းကာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်န ယ်အတွင်းရှိ စာသင်ကျောင်းများနှင့် ဆေးရုံများအား ပြ န်လည်ပြုပြင်မှုများ စတင်ဆောင်ရွက်နေကြောင်း သိရသည်။

မိုခါ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည့် စစ်တွေ ကွန်ပျူတာတက္ကသိုလ်၊ စစ်တွေအစိုးရ နည်းပညာ အထက်တန်းကျောင်းအပါအဝင် အခြေခံပညာကျောင်း ၁၀၉ ကျောင်းကို ပြင်ဆင်သွားရန်ရှိပြီး ဆေးရုံနှင့် ဝန်ထ မ်းအိမ်ရာ အပါအဝင် အဆောက်အဦ (၃၀) ကိုလည်း ပြ င်ဆင်သွားမည်ဖြစ်ကြောင်း MLCA မှ ဖွဲ့စည်းထားသည့် မိုခါမုန်တိုင်းဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေး စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းက ပြောသည်။

ကျောင်းနှင့် ဆေးရုံများအား ပြန်လည်ပြင်ဆင်မှုလုပ်ငန်းများကို ပြီးခဲ့သည့် မေလ (၂၂) က စတင် လုပ်ဆောင်နေပြီဖြစ်ပြီး သွပ်အချပ်ရေ(၁)သိန်းနှင့် ဆက်စပ်ပစ္စည်း ၁.၅ ဘီလီယံဝန်းကျင်ဖိုးကိုလည်း လှူဒါန်းသွားရန် စီစဉ်နေကြောင်း MLCA မှ သိရသည်။

ထို့အပြင် MLCA အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန် တိုင်းသင့်ပြည်သူ တစ်သောင်းကို စတုဒီသာကျွေးမွေးရန် အစီအစဉ်ရှိပြီး စားသောက်ကုန်ပစ္စည်း အမယ် (၃၀၀) ကျော်ကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှ ရခိုင် ပြည်နယ်သို့ မေလ (၂၄) ရက်တွင် စတင်ပို့ဆောင်ခဲ့ကြော င်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here