လူနာပို့သွားသည့် လူနာတင်ကားအား လက်နက်ကိုင်အဖွဲ့များက လုယက်ယူဆောင်သွား

0
200

မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် ပခုက္ကူမြို့နယ်ကြား၌ မေ (၂၃) ရက်မွန်းတည့် (၁၂) နာရီခန့်က လူနာပို့သွားသည့် လူနာတင်ကားအား လက်နက်ကိုင်အဖွဲ့ဝင်များက လုယက်ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ် အခြေစိုက် ရွှေဖောင်တော်ပရဟိတအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးတွင်တက်ရောက်၍ ဆေးကုသမှုခံယူခဲ့သည့် လူနာတစ်ဦးကိုတင်ဆောင်ကာ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးရန် မောင်းနှင်လာစဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးဆေးရုံကြီးမှ နေရပ်သို့ ပြန်လာစဥ် ပေါက်မြို့န ယ်နှင့် ပခုက္ကူမြို့နယ် ကြားအရောက်တွင် လက်နက်ကိုင်အဖွဲ့ဝင်များက လူနာတင်ကားအား တားဆီးကာ လိုက်ပါလာသူများကို ကားပေါ်မှ ဆင်းခိုင်းပြီးနောက် ကားအားလုယက်မောင်းနှင်သွားခဲ့ကြကြောင်း သိရသည်။

“စုံစမ်းစစ်ဆေးတာတွေ တောက်လျောက် လုပ်နေပါတယ်။ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေ ဆီကိုလည်း ဖြစ်စဥ်ကို ဆက်သွယ်အကြောင်းကြားထားပြီးပါပြီ။ လုယက်သွားတဲ့ လူနာတင်ကားကိုသုံးပြီး ပြစ်မှုကျူးလွန်တာတွေမဖြစ်အောင် အကောင်းဆုံး လုပ်ဆောင်နေကြပါတယ်” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here