ကျောင်းဆရာမ နှစ်ဦးစီးလာသည့်ဆိုင်ကယ် ဆွဲကြိုးဖြတ်လုယက်ခံရမှုကြောင့် ဆိုင်ကယ်မှောက်ပြီး တစ်ဦးသေ တစ်ဦးဒဏ်ရာရမှု အုတ်တွင်းမြို့တွင်ဖြစ်ပွား

0
304

အုတ်တွင်းမြို့၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၌ ကျောင်းဆရာမ နှစ်ဦးစီးလာသည့်ဆိုင်ကယ် ဆွဲကြိုးဖြတ်လုယက်ခံရမှုကြောင့် ဆိုင်ကယ်မှောက်ပြီး တစ်ဦးသေ တစ်ဦးဒဏ်ရာရရှိမှု ယနေ့မေလ ၂၆ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည်။

အုတ်တွင်းမြို့နယ် အင်ဒိုင်းကျေးရွာနေ မဝတ်ရည်ဝင်း နှင့် မဝေဟင်ဝင်း တို့နှစ်ဦးသည် တောင်ငူမြို့မှ ကလေးကျောင်းသုံးပစ္စည်းများဝယ်ယူ၍ ပြန်လာစဉ် အင်ဒိုင်းကျေးရွာထိပ်နားအရောက် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၌ အနောက်မှ အမျိုးသား(၂)ဦး စီးနင်းလာသောဆိုင်ကယ်တစ်စီး ရုတ်တရက်ကပ်လာပြီး နောက်မှထိုင်လိုက်လာသည့် မဝေဟင်ဝင်း၏ ဆွဲကြိုးအား ဖြတ်ပြေးသွားခဲ့သည်။

ထို့ကြောင့် ဆိုင်ကယ်တိမ်းမှောက်ရာ မောင်းနှင်သည့် မဝတ်ရည်ဝင်း မှာ ဦးခေါင်း ထိခိုက် သတိလစ်(စိုးရိမ်ရ) ၊ မဝေဟင်ဝင်း မှာ ယာဘက်ပါးပြင် ဆုတ်ပြဲဒဏ်ရာများရ(မစိုးရိမ်ရ) ရရှိခဲ့ပြီး လုယက်သူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သတင်းအရ တောင်ငူဆေးရုံကြီးသို့ ရင်ခုန်သံ ရှင်/ကူ ယာဉ်ဖြင့် အရေးပေါ် အချိန်မှီ ကူညီပို့ဆောင်ပေးခဲ့သော်လည်း တောင်ငူဆေးရုံကြီး၌ မဝတ်ရည်ဝင်း သေဆုံးသွားခဲ့သည်။

ဓာတ်ပုံ – ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းအုတ်တွင်းမြို့


LEAVE A REPLY

Please enter your comment!
Please enter your name here