နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ပညာတတ်လူသားအရင်းအမြစ်များ များစွာလိုအပ်

0
576

နိုင်ငံတစ်နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် အသိပညာရှင်၊အတတ်ပညာရှင်များ များစွာလိုအပ်သဖြင့် အမှန်တကယ်တတ်မြောက်မှုရှိအောင်သင်ကြားပေးနိုင်သည့် သင်ကြားရေးစနစ်ရှိရန်လိုအပ်ခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။

မေ ၂၆ ရက်နံနက်ပိုင်းက နေပြည်တော်၊ဇေယျာသီရိမြို့နယ်ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း)၊ဘွဲ့နှင်းသဘင်ခန်းမ၌ပြု လုပ်သည့် သစ်တောပညာနှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသိပညာရှင်၊အတတ်ပညာရှင် ပညာတတ်လူသားအရင်းအမြစ်တွေ များစွာလိုအပ်ပါတယ်၊ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အမှန်တကယ်တတ်မြောက်မှုရှိအောင်သင်ကြားပေးနိုင်တဲ့ သင်ကြားရေးစနစ်ရှိဖို့လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် သင်ယူသူများမှလည်း သင်ကြားပေးသည့်ဘာသာရပ်များအား တတ်မြောက်ကျွမ်းကျင်စေရန်၊လက်တွေ့အသုံးချနိုင်စေရန်၊ခေတ်မီနည်းပညာ၊အတတ်ပညာများနှင့်ပေါင်းစပ်၍ အဆင့်မြှင့်တင်တိုးမြှင့်လုပ်ဆောင်ရန်လည်းလိုအပ်သည်ဟု ဆိုသည်။

ထို့အတူ တက္ကသိုလ်ဆိုသည်မှာ စာပေပညာသင်ကြားရုံသက်သက်သာမဟုတ်ဘဲ အတတ်ပညာများကို သင်ကြားပေးခြင်း၊လေ့လာသင်ယူစေခြင်းအပြင် တက္ကသိုလ်မှ ပတ်ဝန်းကျင်ကောင်း၊အတွေ့အကြုံကောင်းများရရှိကာ ဘဝတစ် လျှောက်ဖြတ်သန်းမှုတွင် လက်တွေ့အသုံးချနိုင်မည့် စာပေပညာနှင့်လူမှုဆက်ဆံရေးပညာတို့ကိုလည်းပေးစွမ်းနိုင်သည်ဟု ဆိုသည်။

“အဲဒီ အခွင့်အလမ်းတွေကိုရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ် တက္ကသိုလ်ဆိုတာက ပညာရှင်တွေမွေးထုတ်ပေးရာဌာနဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ကျောင်းသား၊ကျောင်းသူများ၏ “ပဲ့ကိုင်ရှင်များ”ဖြစ်သည့် ဆရာ၊ဆရာမများ၏ အရည်အချင်းနှင့်စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ်မြှင့်တင်ပေးခြင်း၊သင်ကြားရေးနှင့်သုတေသနလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်စေခြင်းတို့ကိုလည်း အလေးအနက်ထားဆောင်ရွက်ပေးရမည်ဟု မှာကြားခဲ့သည်။

ထို့ပြင် ဆရာ၊ဆရာမများအား ပြည်တွင်း၊ပြည်ပအတွေ့အကြုံများရရှိစေရန်စီမံပေးခြင်း၊သီအိုရီနှင့်လက်တွေ့ပေါင်းစပ်နိုင်သည့် ကျွမ်းကျင်မှုများရရှိစေရန် ပံ့ပိုးကူညီပေးခြင်းတို့ကိုလည်း အလေးအနက်ထားဆောင်ရွက်ပေးရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here